ဓာတ်ပုံ- ကန္တာရဝတီတိုင်း(မ်)

မိုင်းရူပ၊ ဇန်နဝါရီ ၂၃ ရက်၊ ဖယ်ခုံ

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် နေ့လယ် ၃ နာရီခန့်မှာ ဖယ်ခုံအခြေစိုက် စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဖယ်ခုံအရှေ့ဖက်ရှိ နန်းပလုံရွာမှာ ၂ လုံးနဲ့ လွယ်ပေါရွာမှာ ၁ လုံး ကျကွဲခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

“စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တဲ့အတွက် လွယ်ပေါကျေးရွာက ကိုယ်ဝန်ဆောင်မိခင်တစ်ဦး စိုးရိမ်ဒဏ်ရာ ရခဲ့တယ်။ အရပ်သား ၂ ဦးလည်း ဒဏ်ရာ ရခဲ့တယ်” လို့ KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဟာ မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ဖို့ ဖယ်ခုံမြို့ကနေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။

မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နိုင်ပေမဲ့ မြို့အနီးမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၄၄၂ ကျန်ရှိနေပါတယ်။

စစ်တပ်ဘက်ကတော့ မိုးဗြဲမြို့တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။