ဓာတ်ပုံ – BWM

မိုင်းရူပ၊ ဇန်နဝါရီ ၁၅ ရက်၊ လွိုင်ကော်

ကရင်နီပြည်နေ့ အခမ်းအနား တက်ရောက်ဖို့ လွိုင်ကော်မြို့သို့ ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်မှူးကြီး စိုးဝင်း ရှိတဲ့နေရာကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ Brave Warriors for Myanmar- BWM ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီမှာ ဒုစစ်ခေါင်းဆောင် ညစာစားပွဲ တက်ရောက်နေတဲ့ ကရင်နီပြည် ခန်းမထဲ ရှော့တိုက်ဒုံးနဲ့ ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)တပ်ထဲကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၅ ရက်မှာ ကျရောက်တဲ့ ကရင်နီပြည်နယ်နေ့သို့ ဒုစစ်ခေါင်းဆောင် တက်ရောက်ခဲ့တယ်လို့ သိထားရတာကြောင့် ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာလို့ BWM ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပြည်သူကို အနိုင်ကျင့်တဲ့ စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေမှန်သမျှ စိုးဝင်းလိုအဆင့်တောင် မလုံခြုံတော့ဘူးဆိုတာ ပြချင်တာပါ”

ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေဆဲပဲလို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို BWM နဲ့အတူ Mountain Knight Civilian Defense Forces- MKCDF နဲ့ Anti Coup People’s Liberation Force- ACPLF တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ဘက်တော့ လွိုင်ကော်မှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။