မိုင်းရူပ၊ ဇန်နဝါရီ ၆ ရက်၊ အမ်း

အာရက္ခတပ်တော်- AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)တည်ရှိရာ အမ်းမြို့နယ်ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ကာကွယ်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၁ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်အတွင်း အမ်းမြို့နယ် ဆင်ခုံတိုင်နဲ့ တောင်ဇောက်ရွာစခန်းကနေ မကွေးတိုင်း ငဖဲမြို့နယ်ဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို အရှို ချင်းကာကွယ်ရေးတပ်- CDF Asho နဲ့ ပူးပေါင်းတပ်က ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

CDF-Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက “ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်စခန်းကနေပြီးတော့ ထွက်ပြေးလာတာ။ ကျနော်တို့က ပိတ်ဆို့တိုက်ခိုက် ဖမ်းဆီးတာမျိုးလုပ်တာ ဖြစ်ပါတယ်” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။

ပိတ်ဆို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၁၁ ဦးအပြင် သေနတ် ၉ လက်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ CDF-Asho က ထုတ်ပြန်ထားပြီး စစ်တပ်ဘက်ကတော့ ငဖဲမြို့နယ်မှာ တပ်ဖွဲ့ဝင် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တိုက်ခိုက်မှုကို CDF-Asho အပြင် မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်းနဲ့ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းသွားမယ်လို့ CDF-Asho ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

“ကျနော်တို့ သတင်း ကြိုရထားလို့ လမ်းမှာ တားဆီးပြီး လက်နက်ချဖို့ ပြောတယ်။ သူတို့လည်း ပြန်လည် ပစ်ခတ်တာမရှိဘဲ အသာတကြည် လက်နက် ချပါတယ်။ စုစုပေါင်း ၁၁ ဦးပါ။ လက်နက်မျိုးစုံ ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်”

ဇန်နဝါရီ ၃ ရက်ကလည်း ငဖဲမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်း စက်ရုံမှ အင်အား ၅၀ ခန့်ပါတဲ့ စစ်ကြောင်းကို CDF-Asho နဲ့ မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်သားတစ်ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF-Asho ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း အမ်းမြို့ရှိ နပခကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၇ ဦးကို သေနတ်မျိုးစုံ၊ လက်ပစ်ဗုံး၊ အီနာဂါ ဗုံးသီး၊ စစ်အသုံးအဆောင်နဲ့အတူ ငဖဲမြို့နယ်တစ်နေရာမှာ CDF-Asho က ဖမ်းဆီးရမိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။