ဓာတ်ပုံ- Local

ခိုင်လေး၊ ဧပြီ ၃ ရက်၊ စစ်ကိုင်း

‎စစ်ကိုင်း မင်းကွန်းဒေသ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ အယောက် ၄၀ ကျော် ရှိလာနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဒေသခံနဲ့ ဘုန်းကြီးတွေသာ ဦးဆောင်ပြီး လုပ်ဆောင်ပေးနေရတယ်လို့ မင်းကွန်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်မှုကြောင့် မင်းကွန်းဒေသက မြသိန်းတန်စေတီအပါအဝင် တခြားစေတီပုထိုး လူနေအိမ်တွေ ပြိုကျပျက်စီးတာရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

‎“သေဆုံးတဲ့သူတွေက ၄၀ ကျော်နေပြီ။ အခုချိန်ထိလည်း ရှာ​ေဖွနေတုန်းပါ။ ဒီမှာက စစ်တပ်ကနေပြီးတော့ လာရောက် ကူညီပေးတာ မရှိဘူး။ ဒီမှာက ဘုန်းကြီးကျောင်းတွေပြိုကျပျက်စီးတာရှိတော့ ဘုန်းကြီးတွေက ဦးဆောင်ပြီးမှဘဲ ကယ်ဆယ်ရေးတွေ လုပ်နေကြတယ်။ ဒီတော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေမှာတော့ သူတို့ဘက်ကနေပြီးတော့ ကယ်ဆယ်ရေးတွေ လုပ်ပေးနေတာတော့ ရှိတယ်”

‎ထိခိုက်ဒဏ်ရာရသူတွေထဲ စစ်ကောင်စီတပ်သားအပါအဝင် ဘုန်းကြီး၊ သီလရှင်နဲ့ ဒေသခံလည်း ပါဝင်ပြီး စစ်တပ်ဘက်က ဒီနေ့အထိ ကယ်ဆယ်ရေး လုပ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

‎ဒီနေ့ ဧပြီ ၃ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ငလျင်ဘေးကြောင့် သေဆုံးခဲ့သူ ၃,၀၈၅ ဦး၊ ဒဏ်ရာရသူ ၄,၇၁၅ ဦး၊ ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

‎မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီခန့်က စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တာကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၂၀ ကျော်မှာ လူသေဆုံးမှုနဲ့ အိုးအိမ်ထိခိုက်ပျက်စီးမှု များခဲ့ပြီး လက်ရှိအချိန်ထိ ကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်ပေးနေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။