လွေးလာဝ်ဇာရ်၊ မတ်လ ၄ ရက်၊ သီပေါ

ရှမ်းမြောက် သီပေါမြို့နယ် နားမခေါ်ကျေးရွာအနီးက တာလုံလမ်းအဆင်းမှာ သတ်ဖြတ်ထားခံရတဲ့ အမျိုးသမီးအလောင်း ၃ လောင်း တွေ့ရှိထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အဲဒီအမျိုးသမီးအလောင်း‌တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ လားရှိုးဘက်ကနေ ကားနဲ့ တင်လာပြီး လာရောက်စွန့်ပစ်သွားတာလို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖြစ်စဉ်သိရသူ တစ်ဦးက “အဲဒါလည်း ဒေသခံတွေ မပြောရဲကြဘူး။ ဘယ်သူ့လက်ချက်ဆိုတာ သိကြတယ်။ သတင်းပေါ်တက်ရင် သတ်ပစ်မယ်တဲ့။ အဲနားမခေါ်က လူတွေကို ခြိမ်းခြောက်ထားတာ။ အဖွဲ့အစည်းကားဘဲ။ မိန်းခလေး အလောင်း ၃ လောင်းကို ကားနဲ့တင်လာပြီး အဲမှာလာပစ်ထားတာ။ လားရိူးဘက်က ဆင်းသွားတဲ့ပုံလို့ ပြောကြတယ်” လို့ ပြောပါတယ်။

သတ်ဖြတ်ခံထားရတဲ့ အဲဒီအမျိုးသမီး ၃ ဦးဟာ အသက် ၁၂ နှစ်အရွယ်ကနေ ၁၈ နှစ်ကြားအရွယ်တွေ ဖြစ်ကြပြီး အဲအမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကောင်မလေးတွေရဲ့ ခန္ဓာကိုယ်မှာလဲ ဒဏ်ရာတွေ အများကြီးပဲ။ နည်းတဲ့ ဒဏ်ရာတွေ မဟုတ်ဘူး။ နောင်ကော်ကြီးမှာ KTV ရှိတာတော့ မှန်ပေမဲ့ အဲဒီ KTV မှာ အလုပ်လုပ်နေတဲ့သူတွေ မဟုတ်ဘူး။ ဘယ်ကမှန်း မသိတဲ့ ကောင်မလေးတွေပါ။ အသက် ၁၂ ကနေ ၁၈ လောက်ပဲရှိတဲ့ ရုပ်တွေပါ။ အရမ်းငယ်ကြတယ်”

ရုပ်အလောင်း စွန့်ပစ်ခံထားရတဲ့ အဲဒီအမျိုးသမီးငယ်တွေဟာ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့အပြင် သူတို့ရဲ့ နေ့ရပ်လိပ်စာတွေလည်း မသိရဘူးလို့ ပြောပါတယ်။

သီပေါမြို့နယ်ထဲက အဲဒီနားမခေါ်ကျေးရွာဟာ ကိုးကန့်တပ်ဖွဲ့ MNDAA က ဝင်ထွက်သွားလာပြီး ၎င်းတို့ ထိန်းချုပ်ထားတဲ့ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။