အိုက်ပွီး၊ ဧပြီလ ၇ရက်၊ ဖလမ်း

ချင်းပြည်နယ်၊ ဖလမ်းမြို့တစ်ခုလုံးကို ချင်းညီနောင် ပူးပေါင်းအဖွဲ့က ဒီနေ့ ဧပြီလ ၇ရက်နေ့ မနက်မှာ သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင်ပူးပေါင်းအဖွဲ့က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ လကျော်ကြာမှာ မြို့ကို သိမ်းပိုက်ရရှိတာဖြစ်ပါတယ်။

“အဓိက စကစ လက်ကျန် စခန်းကုန်းပေါ့။ ခလရ ၂၆၈ တပ်ရင်းကို ဒီမနက်မှာပဲ သိမ်းပိုက်ရရှိတာပါ။ ဆိုတော့ ဖလမ်းမြို့တစ်ခုလုံး သိမ်းပိုက်ရရှိထားတဲ့ အနေထားမှာရှိပါတယ်။”လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ စခန်းစွန့်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံဖမ်းဆီးနေသလို လက်နက်ခဲယမ်းနဲ့စစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီးသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့မှာ တိုက်ပွဲအချို့ရှိနေသေးကြောင့် မကြာခင် မြို့သိမ်းတိုက်ပွဲ အခြေအနေ အသေးစိတ် ထုတ်ပြန်သွားမယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့ဟာ ချင်းပြည်နယ်မြောက်ပိုင်းမှာ တည်ရှိပြီး မြို့တော်ဟားခါးနဲ့လည်း နယ်မြေချင်း ထိစပ်နေတဲ့မြို့ဖြစ်ပါတယ်။

ဒါ့အပြင် ချင်းညီနောင်ရဲ့ စတုတ္ထမြောက် သိမ်းပိုက်ရရှိထားတဲ့မြို့လည်းဖြစ်ပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာ ဟားခါး၊ တီးတိန်နဲ့ ထန်တလန်စတဲ့သုံးမြို့တည်းသာ သိမ်းပိုက်ရန် ကျန်ရှိတော့ပြီး ဟားခါးနဲ့ ထန်တလန် နှစ်မြို့တည်းသာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယားလှည်ပတ်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။