ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၂၀ ရက်၊ ဟားခါး

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီခန့်တဲ့ ပြည်နယ်ဝန်ကြီးတွေ ဦးဆောင်ပြီး ခလရ ၂၆၆ တပ်ကုန်းမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်နှစ်တွေက ဟားခါးမြို့မှာ ချင်းအမျိုးသားနေ့ကို မြို့မရပ်ကွက်ရှိ ဝမ္မသူးမောင် အားကစားကွင်းမှာ ဌာနဆိုင်ရာဝန်ထမ်း၊ ကျောင်းသားကျောင်းသူနဲ့ မြို့ခံတွေ ပါဝင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ချင်းအမျိုးသားနေ့ကို ခလရ ၂၆၆ တပ်ကုန်းမှာ ဝန်ကြီးတွေ၊ စစ်ကောင်စီ အသိုင်းအဝိုင်းနဲ့ Non CDM ဝန်ထမ်းအပါအဝင် လူအင်အား ၁၀၀ ကျော်နဲ့ ကျင်းပပြီး မြို့ခံလူထု ပါဝင်တာ မရှိဘူးလို့ သိရပါတယ်။

“တပ်ကုန်းမှာ ကျင်းပမယ်ဆိုတော့ ဘယ်သူမှ မလာချင်ကြဘူးလေ။ လူလည်း မရှိပါဘူး။ ဌာနဆိုင်ရာက Non CDM တွေ၊ ဝန်ကြီးမိသားစုဝင်တွေ၊ စကစ အရာရှိတွေရယ်၊ ကျောင်းသားတွေရယ် အဲလောက်ပါပဲ။ မြို့ခံတွေက မလာကြပါဘူး။ လူအင်အားတော့ ၁၀၀ ကျော်၊ အများဆုံး ၂၀၀ လောက်ပါပဲ။ အကျဥ်းချုပ်သဘောနဲ့ ကျင်းပရုံသက်သက်ပဲ” လို့ ပွဲတက်ရောက်သူ ဟားခါးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီ ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ဌာနဆိုင်ရာအသီးသီးက ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ လူထုတွေ သိရှိထားသင့်တဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ် ဖော်ပြတဲ့ ပြခန်းတွေ ခင်းကျင်းပြသကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နဲ့အတူ ဝန်ကြီးတွေ၊ ဟားခါးနယ်မြေခံ စစ်ကောင်စီအရာရှိနဲ့ ဌာနဆိုင်ရာအရာရှိ တက်ရောက်ကြပြီး လုံခြုံရေး တင်းကြပ်ခဲ့တယ်လို့ သိရပါတယ်။

“ပွဲမကျင်းပခင် မနေ့ကတည်းက လုံခြုံရေး တိုးချဲ့တင်းကြပ်ထားတာပါ။ မြို့ထဲမှာလည်း ရဲတွေ၊ စစ်သားတွေ ခြေရှုပ်နေကြတယ်။ ပွဲလာတဲ့သူလည်း တချို့တွေ ဂိတ်မှာ စစ်ဆေးခံရပြီး ဝင်ကြရတာပါ။ အဲဒါကြောင့် အရပ်သားတွေက ဘယ်သူမှ မလာကြဘူးလေ”လို့ ဟားခါးဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး NCA ပါ သဘောတူညီချက်အတိုင်း ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့် ကြိုဆိုကြောင်း ဒီနေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာ ပေးပို့ထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ချင်းပြည်နယ်မှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံတော်အဆင့် ဘယ်ပုဂ္ဂိုလ်မှ တက်ရောက်ခဲ့တာ မရှိပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။