ရွှေဖီမြေ၊ ဇန်နဝါရီ ၁၆ ရက်၊ မိုင်းရယ်

ရှမ်းမြောက် မိုင်းရယ်မြို့နယ် ကုန်းနင်းကျေးရွာမှာ ဘက်ထရီအိုး ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ လသားကလေးငယ်တစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA က ထုတ်ပြန်လာပါတယ်။

ဖြစ်စဉ်ဟာ မနေ့ ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၂ နာရီခန့်က ကုန်း‌နင်းရွာက နေအိမ်တစ်ခုမှာ ဘက်ထရီအိုး ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ်တစ်ခုလုံး ပြာကျခဲ့ပြီးတော့ အိမ်ထဲ ရှိနေတဲ့ ၂ နှစ်သားကလေးငယ်နဲ့ ၂ လသား ကလေးငယ်တစ်ဦး မီ‌းလောင်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မိခင်ဖြစ်သူက ဟင်းချက်ဖို့ ပိန္နဲသီး သွားခူးနေပြီး ဖခင်ဖြစ်သူက‌တော့ ခြံထဲ အလုပ် လုပ်နေစဉ် အိမ်ထဲ သွင်းထားတဲ့ ဘက်ထရီအိုး ပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

နေအိမ်ထဲ မီးလောင်နေစဉ် အိမ်ရှင်ဖြစ်သူက မီးလောင်တာကို သိတဲ့အချိန်မှာ မီးလောင်အား ပြင်းတာကြောင့် ကလေးကို မကယ်နိုင်ခဲ့ဘူးလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် နမ့်စိတ်ကျေးရွာမှာ အိမ်ရှင်ဖြစ်သူက အသုဘ သွားနေစဉ် ဝိုင်ယာကြိုး ရှော့လ်ဖြစ်ပြီး မီ‌းလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။