ရွှေဖီမြေ၊ ဇန်နဝါရီ ၁၆ ရက်၊ မိုင်းရယ်

ရှမ်းမြောက် မိုင်းရယ်မြို့နယ် ကုန်းနင်းကျေးရွာမှာ ဘက်ထရီအိုး ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ လသားကလေးငယ်တစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA က ထုတ်ပြန်လာပါတယ်။

ဖြစ်စဉ်ဟာ မနေ့ ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၂ နာရီခန့်က ကုန်း‌နင်းရွာက နေအိမ်တစ်ခုမှာ ဘက်ထရီအိုး ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ်တစ်ခုလုံး ပြာကျခဲ့ပြီးတော့ အိမ်ထဲ ရှိနေတဲ့ ၂ နှစ်သားကလေးငယ်နဲ့ ၂ လသား ကလေးငယ်တစ်ဦး မီ‌းလောင်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မိခင်ဖြစ်သူက ဟင်းချက်ဖို့ ပိန္နဲသီး သွားခူးနေပြီး ဖခင်ဖြစ်သူက‌တော့ ခြံထဲ အလုပ် လုပ်နေစဉ် အိမ်ထဲ သွင်းထားတဲ့ ဘက်ထရီအိုး ပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

နေအိမ်ထဲ မီးလောင်နေစဉ် အိမ်ရှင်ဖြစ်သူက မီးလောင်တာကို သိတဲ့အချိန်မှာ မီးလောင်အား ပြင်းတာကြောင့် ကလေးကို မကယ်နိုင်ခဲ့ဘူးလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် နမ့်စိတ်ကျေးရွာမှာ အိမ်ရှင်ဖြစ်သူက အသုဘ သွားနေစဉ် ဝိုင်ယာကြိုး ရှော့လ်ဖြစ်ပြီး မီ‌းလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။