ဓာတ်ပုံ – Local

မိုင်းရူပ၊ မတ်လ ၇ ရက်၊ ဖယ်ခုံ

ရှမ်းတောင် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာမှာ ဘုန်းကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးပေးဖို့ အရပ်ဖက်အဖွဲ့ (၁၀)ဖွဲ့က မနေ့ မတ်လ ၆ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

အုံတိုင်းကျေးရွာမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဓမ္မသာရနဲ့ ၎င်းရဲ့ တပည့်ဖြစ်သူ စိုင်းပီးဆိုသူကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်မှာ အုံတိုင်းဘုန်းကြီးကျောင်းမှာ အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ဘုန်းကြီးပျံလွန်တော်မူခဲ့ပြီး စိုင်းပီဆိုသူလည်း သေဆုံးခဲ့ပါတယ်။

“လွယ်ပေါရွာက အသုဘမှာ တရားဟောပြီး အုံတိုင်းကျောင်းကို ပြန်လာတာ။ ဘုန်းကြီးကျောင်းပေါ်တက်ပြီး ရေနွေးကြမ်း သုံးဆောင်နေတဲ့အချိန် အမည်မသိ လက်နက်ကိုင်တပ်က ဘုန်းကြီးကျောင်းပေါ် တက်လာပြီး ပစ်သတ်သွားတာ” လို့ ဒီပူးတွဲကြေညာချက်မှာ ပါဝင်တဲ့ ဖယ်ခုံရှမ်းအမျိုးသမီးအသင်းရဲ့ တာဝန်ရှိသူ မချယ်ရီလေးက ရွှေဖီမြေကို ပြောပါတယ်။

ဆရာတော် ဦးဓမ္မသာရဟာ သက်တော် ၄၈ နှစ်၊ ဝါတော် ၂၈ ဝါဖြစ်ပြီး စစ်ဘေးရှောင်တွေကို ကူညီပေးနေသူဖြစ်ကာ နိုင်ငံရေးနဲ့ ပတ်သတ်မှု မရှိကြောင်း မချယ်ရီလေးက ဆက်ပြောပါတယ်။

ဆရာတော် ဦးဓမ္မသာရဟာ ဖယ်ခုံမြို့နယ် ရွှေဓမ္မရောင်ခြည်ကျောင်းမှာ သတင်းသုံးနေထိုင်ပြီး ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်တွေကို လိုက်လံကူညီနေသူဖြစ်ကာ ဆရာတော်နဲ့ ၎င်းရဲ့ တပည့်ဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အဖွဲ့ကို ပြင်းထန်စွာ ကန့်ကွက်ရှုပ်ချပြီး အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားမျှတမှုရရှိဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ဆရာတော် ဦးဓမ္မသာရနဲ့ ၎င်းရဲ့ တပည့်ဖြစ်သူသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လက်နက်ကိုင်တပ်က လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်-PNO အပါအဝင် ကရင်နီတော်လှန်ရေးအင်အားစုတွေ သွားလာလှုပ်ရှားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။