ဓာတ်ပုံ – Local

မိုင်းရူပ၊ မတ်လ ၇ ရက်၊ ဖယ်ခုံ

ရှမ်းတောင် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာမှာ ဘုန်းကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးပေးဖို့ အရပ်ဖက်အဖွဲ့ (၁၀)ဖွဲ့က မနေ့ မတ်လ ၆ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

အုံတိုင်းကျေးရွာမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဓမ္မသာရနဲ့ ၎င်းရဲ့ တပည့်ဖြစ်သူ စိုင်းပီးဆိုသူကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်မှာ အုံတိုင်းဘုန်းကြီးကျောင်းမှာ အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ဘုန်းကြီးပျံလွန်တော်မူခဲ့ပြီး စိုင်းပီဆိုသူလည်း သေဆုံးခဲ့ပါတယ်။

“လွယ်ပေါရွာက အသုဘမှာ တရားဟောပြီး အုံတိုင်းကျောင်းကို ပြန်လာတာ။ ဘုန်းကြီးကျောင်းပေါ်တက်ပြီး ရေနွေးကြမ်း သုံးဆောင်နေတဲ့အချိန် အမည်မသိ လက်နက်ကိုင်တပ်က ဘုန်းကြီးကျောင်းပေါ် တက်လာပြီး ပစ်သတ်သွားတာ” လို့ ဒီပူးတွဲကြေညာချက်မှာ ပါဝင်တဲ့ ဖယ်ခုံရှမ်းအမျိုးသမီးအသင်းရဲ့ တာဝန်ရှိသူ မချယ်ရီလေးက ရွှေဖီမြေကို ပြောပါတယ်။

ဆရာတော် ဦးဓမ္မသာရဟာ သက်တော် ၄၈ နှစ်၊ ဝါတော် ၂၈ ဝါဖြစ်ပြီး စစ်ဘေးရှောင်တွေကို ကူညီပေးနေသူဖြစ်ကာ နိုင်ငံရေးနဲ့ ပတ်သတ်မှု မရှိကြောင်း မချယ်ရီလေးက ဆက်ပြောပါတယ်။

ဆရာတော် ဦးဓမ္မသာရဟာ ဖယ်ခုံမြို့နယ် ရွှေဓမ္မရောင်ခြည်ကျောင်းမှာ သတင်းသုံးနေထိုင်ပြီး ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်တွေကို လိုက်လံကူညီနေသူဖြစ်ကာ ဆရာတော်နဲ့ ၎င်းရဲ့ တပည့်ဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အဖွဲ့ကို ပြင်းထန်စွာ ကန့်ကွက်ရှုပ်ချပြီး အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားမျှတမှုရရှိဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ဆရာတော် ဦးဓမ္မသာရနဲ့ ၎င်းရဲ့ တပည့်ဖြစ်သူသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လက်နက်ကိုင်တပ်က လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်-PNO အပါအဝင် ကရင်နီတော်လှန်ရေးအင်အားစုတွေ သွားလာလှုပ်ရှားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။