ဓာတ်ပုံ- CJ

ရွှေဖီမြေ၊ ဩဂုတ် ၁၄ ရက်

ဇွန်လကနေ မနေ့ သြဂုတ် ၁၃ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၅၆ ဦး သေဆုံးခဲ့တဲ့အပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်း- TCSO က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်လာပါတယ်။

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ပြန်လည်ရရှိရေးနဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လူနေထူထပ်တဲ့ မြို့ပေါ်နဲ့ ကျေးရွာ‌ဘက် ဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို ကန့်ကွက်ကြောင်း မနေ့က ထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ ‌ဇွန်လကနေ မနေ့အထိ ၂ လကျော်အတွင်း တအာင်းတပ် ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ ‌မိုင်းငေါ့၊ မိုင်းလုံ၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ ကွတ်ခိုင်မြို့‌မှာ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ကလေး ၁၃ ဦးအပါအဝင် ၅၆ ဦး သေဆုံးခဲ့ပြီး ကလေး ၈ ဦးအပါအဝင် ၁၃၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ နေအိမ် ၂၁၈ လုံး၊ စာသင်ကျောင်း ၈ ကျောင်း၊ သာသနာ့အဆောက်အဦး ၈ ကျောင်း၊ ဆေးရုံ ၈ ခု၊ ဟိုတယ် ၃ ခုနဲ့ အခြားအဆောက်အဦး ၂၃ ခုလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ တရုတ်နဲ့ပူးပေါင်းပြီး တအာင်းတပ် ထိန်းချုပ်ထားတဲ့ဒေသတွေကို ပြန်ပေးရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ လူသုံးကုန်ပစ္စည်းနဲ့ စားသောက်ကုန် ဖြတ်တောက်မှု၊ ဆေးဝါး ဖြတ်တောက်မှု၊ နယ်စပ်ကုန်သွယ်ရေးနဲ့ဆက်သွယ်ရေး ဖြစ်တောက်မှု စတဲ့နည်းလမ်းမျိုးစုံနဲ့ ဆက်တိုက် ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

တရုတ်က စစ်တပ်ထံ စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာ ကူညီထောက်ပံ့ပေးနေတာကြောင့် စစ်‌တပ်ဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ပိုပြီး အားဖြည့်ပေးနေတယ်လို့ ပြောဆိုထားပါတယ်။

လူထုတွေကို ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီအပါအဝင် ခေတ်မှီ စစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးနေတဲ့ နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံနဲ့ လုပ်ငန်းရှင်အားလုံး ချက်ချင်း ရပ်တန့်ဖို့၊ စစ်တပ်ကို ‌ကူညီထောက်ပံ့ပေးတဲ့လုပ်ငန်းနဲ့ စီးပွားရေးအရ လက်တွဲနေတဲ့ အခြားနိုင်ငံတွေကို စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

နိုင်ငံတကာ ချမှတ်ထားတဲ့ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်တပ်ကို နိုင်ငံတကာ စစ်ခုံရုံးနဲ့ အမြန်ဆုံး အရေးယူနိုင်ဖို့အတွက် ဖိအားပေးမှု ဆောင်ရွက်ပေးဖို့၊ စစ်ဘေးသင့်သူတွေကို လူသားချင်းစာနာမှု အကူအညီ ပေးဖို့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်း ဆက်လက် ဆောင်ရွက်သွားဖို့အတွက် ဖက်ဒရယ်ယူနစ်နဲ့ ဒေသန္တရအစိုးရနဲ့အတူ အသိအမှတ်ပြု လက်တွဲဆောင်ရွက်ပေးဖို့ TCSO က တိုက်တွန်းတောင်းဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။