ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၁၄ ရက်၊ တန့်ယန်း

ကားပေါ်ကနေ ပြုတ်ကျပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့တဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု လွယ်ပန်ရွာမှ ကိုရင်လေး ပျံလွန်‌တော်မူသွားပါတယ်။

ကိုရင်လေး နေမိန္ဒ (၁၁ နှစ်)ဟာ တောင်ကြီး ဆေးရုံမှာ ကုသမှု ခံယူရင်း ဦးနှောက်ယောင်ရောဂါနဲ့ မ‌နေ့ ဇန်နဝါရီ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ပျံလွန်တော်မူသွားကြောင်း ကူညီပေးနေသူ အမျိုးသားက ပြောပါတယ်။

“မနက်ပိုင်းမှာ သက်သာပြီပြောတော့ ကျနော်လည်း ဝမ်းသာနေတာ။ အစားလဲ စားနိုင်နေပြီ။ ညနေ လေးနာရီမှာ မတတ်နိုင်တော့ဘူးလို့ ဆရာဝန်က ပြောတယ်။ ဦးနှောက် ယောင်သွားလို့ စိုးရိမ်ရတယ်တဲ့။ ဦးနှောက်ယောင် ဖြစ်သွားတာ ခွဲစိတ်ဖို့လည်း အဆင်မပြေသေးတဲ့ အနေအထားမျိုး ဖြစ်နေတာ။ အဲဒီယောင်တာ အရင်ကုမယ်တဲ့ ပြီးမှ ခွဲသင့်ရင် ခွဲရမယ်ပေါ့”

တန့်ယန်းဆေးရုံကနေတဆင့် တောင်ကြီးဆေးရုံသို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ လွှဲပြောင်းခဲ့တာဖြစ်ပြီး တောင်ကြီးမှာ မကုသနိုင်ရင် မန္တလေးဆေးရုံသို့ လွှဲပြောင်းဖို့ စီစဉ်ခဲ့တာလို့ ၎င်းအမျိုးသားက ဆက်ပြောပါတယ်။

ကိုရင်လေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်က ကားမရပ်သေးဘဲ ကားပေါ်ကနေ ခုန်ချတာကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။