ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၇ ရက်၊ တမူး

စစ်ကိုင်းတိုင်း တမူးမြို့နယ်အထက်ပိုင်း ကျွန်းပင်သာနဲ့ မင်းသာရွာကို စစ်ကောင်စီတပ်နဲ့ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျွန်းပင်သာရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ပူးပေါင်းတပ်က မနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကျွန်းပင်သာရွာကို မီးရှို့ရာ လူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးသွားပါတယ်။

“ရွာမှာ လူတွေ မရှိတော့ဘူး။ တိုက်ပွဲ ဖြစ်ကတည်းက အကုန်ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဒိီနေ့ မီးရှို့တာ အဝေးကနေ မြင်နေရတယ်။ အိမ် ၅လုံးလောက် မီးလောင်နေတယ်။ ညနေအထိ မီးခိုး ထွက်နေတုန်းပါ” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်ကလည်း ကျွန်းပင်သာရွာနဲ့ တစ်ဆက်တည်းရှိတဲ့ မင်းသာရွာကို စစ်တပ်နဲ့ ပူးပေါင်းတပ်တွေက နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

“စစ်သားတွေ မထောက်ခံတဲ့ နေအိမ်တွေ ရွေးပြီး နှစ်ရက်ဆက်တိုက် မီးရှို့တာပါ။ အိမ်တွေအတော်များ မီးလောင်ပြာကျတယ်လို့ သိရတယ်။ ရွာမှာ စစ်သားတွေ ရှိတယ်။ သူတို့ကို ထောက်ခံတဲ့ ပျူမိသားစုဝင်တွေ ရှိတယ်။ တခြားရိုးရိုးပြည်သူတွေက အကုန်ထွက်ပြေးကုန်ပြီ” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မင်းသာနဲ့ ကျွန်းပင်သာရွာဟာ တမူး-ကလေး ကားလမ်းပေါ် တည်ရှိပြီး စစ်တပ်နဲ့ ပျူစောထီး၊ ကသည်း၊ ရှမ်းနီတပ်တို့ ပူးပေါင်းတပ်စွဲထားပါတယ်။

မင်းသာနဲ့ ကျွန်းပင်သာရွာက စစ်တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က တမူးခရိုင်တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်ခဲ့ပြီး ဒိီနေ့အထိ တိုက်ပွဲ ဖြစ်နေဆဲ ဖြစ်ပါတယ်။

စစ်ရေး တင်းမာနေတဲ့ တမူးမြို့ကို စစ်တပ်က အခုရက်ပိုင်းတွင်း ထောက်ပို့ရဟတ်ယာဥ်နဲ့ လူအင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။