ပို့လဘား၊ မေလ ၁၅ ရက်၊ မိုးကုတ်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းဘက်မှာ လုံခြုံရေး ကင်းလှည့်နေတဲ့ တအာင်းရဲ ပစ်ခတ်ခံရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က မိုးကုတ်မြို့မှာ လက်ပစ်ဗုံးပေါက်ကွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့တွေက ရှောင်တခင်စစ်ဆေးတဲ့အချိန်မှာ အမည်မသိလူတစ်စုက ဆိုင်ကယ်နှစ်စီး စီးလာပြီး ၎င်းတို့ရဲ့ လွယ်အိတ်ထဲကနေ လက်ပစ်ဗုံးစနက်တံဆွဲပြီး ပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မိုးကုတ်မြို့ လယ်ဦးဘက်မှာ ဖြစ်တာ။ သူတို့ပစ်လိုက်တဲ့အချိန်မှာ ဗုံးကမပေါက်ခင်ကပဲ ရဲတွေက ဝပ်ပြီး ရှောင်လိုက်တယ်။ သူတို့က ပြေးသွားတယ်။ အဲတစ်လုံးပေါက်ပြီး ရဲက သူတို့ကို သေနတ်နဲ့ လှမ်းပစ်တယ်။ သူတို့လည်း ဗုံးနဲ့ပြန်ပစ်ပြီးတော့ ပြေးသွားကြတယ်”

ပစ်ခတ်တဲ့ အဖွဲ့‌တွေထဲက တစ်ယောက်ကိုတော့ TNLAရဲ့ ရဲတပ်ဖွဲ့က ဖမ်းမိထားတာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ ထပ်မံဖမ်းဆီးနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက် ည ၇နာရီခွဲအကျော်မှာ မိုးကုတ်မြို့ အရှေ့ပိုင်း ဘီးတောင်ရပ်ကွက်မှာရှိတဲ့ Music Zoneဘား ရှေ့မှာ အမည်မသိတဲ့အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ၂လုံးကို လာရောက်ပစ်သွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။