ဓာတ်ပုံ- PSLF/TNLA

ရွှေဖီမြေ၊ ဩဂုတ် ၂၁ ရက်၊ နမ့်ဆန်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာက နေအိမ်တစ်အိမ်ကို ဖောက်ထွင်းပြီး ရွှေနဲ့ငွေ ခိုးယူသွားတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်က မနေ့ ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်မှာ ဇယ်တုန်ဟုန်းရွာက နေအိမ်တစ်အိမ်ရဲ့ အိမ်နောက်တံခါးပေါက်ကို ဖောက်ထွင်းပြီး နေအိမ်ထဲရှိ ငွေသိန်း ၁၈၀၊ တရုတ်ငွေ ယွမ် ၂ သောင်း (ကျပ်သိန်း ၁၂၀)အပြင် တစ်ကျပ်သား ရွှေဆွဲကြိုးတစ်ကုံးတို့ကို ခိုးယူကာ ထွက်ပြေးခဲ့တာပဲ ဖြစ်ပါတယ်။

နေအိမ် ဖောက်ထွင်းခိုးယူမှုနဲ့ပတ်သက်ပြီး မြို့နယ် တအာင်းရဲတပ်ဖွဲ့က အဆင့်ဆင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာ ပြီးခဲ့တဲ့ ဇူလိုင်လထဲ အသက် ၄၅ နှစ်အရွယ် ဦးမောင်ငယ်ဆိုသူကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီအမျိုးသားကို မြို့နယ် တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဦးမောင်ငယ်ဟာ စစ်တပ် အုပ်ချုပ်ခဲ့စဉ်ကာလမှာလည်း မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ထောင်ကျခဲ့ဖူးသူတစ်ဦး ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာလည်း နမ့်ဆန်မြို့နယ် မြို့သစ်ရွာမှာ အုပ်စုဖွဲ့ ဆိုင်ကယ် လိုက်ခိုးနေတဲ့ အမျိုးသား ၅ ဦးကို ဆိုင်ကယ် ၇ စီးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ တအာင်းတပ်က ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။