ရွှေဖီမြေ၊ သြဂုတ် ၁၄ ရက်
တအာင်းသမိုင်း သုတေသနအဖွဲ့ (ဖုင်သုတေသန အစဲန်ဆမဲင်ခြိူဝ်းတအာင်း)က သုတေသနပညာရှင်နဲ့ ရုံးလုပ်ငန်းအတွက် ဝန်ထမ်း ၈ ဦး ခေါ်နေပါတယ်။
သုတေသန ပညာရှင် ၄ ဦးနဲ့ ရုံးဝန်ထမ်း ၄ ဦး ခေါ်ယူမှာဖြစ်ပြီး လျှောက်ထားလိုသူတွေအနေနဲ့ လာမယ့် ဩဂုတ် ၂၅ ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။
လျှောက်မယ့်သူတွေအနေနဲ့ ရှိရမယ့် အရည်အချင်းဟာ တက္ကသိုလ်အောင်မြင်ပြီးမြောက်သူ၊ သမိုင်းကြောင်းကို စိတ်ဝင်စားသူ၊ ကွန်ပြူတာ အခြေခံ တတ်မြောက်သူ၊ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြားရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ပေးအပ်တဲ့တာဝန်ကို ထိရောက်စွာ ထမ်းဆောင်နိုင်သူနဲ့ လူမျိုးဘာသာမခွဲခြားဘဲ ဆက်ဆံနိုင်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
အဖွဲ့အနေနဲ့ တအာင်းစော်ဘွား အုပ်ချုပ်မှု အစဉ်အဆက်သမိုင်း၊ ယဉ်ကျေးမှုဆိုင်ရာသမိုင်း၊ သမိုင်းပြတိုက်၊ စာကြည့်တိုက်နဲ့ လက်ရှိ ရှိနေတဲ့ တအာင်းသမိုင်း စာအုပ်ကို သုတေသန နည်းစနစ်ကျကျ တည်းဖြတ်ပြီး ပြန်လည် ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။
စိတ်ဝင်စားသူတွေအနေနဲ့ Telegram, WhatsApp နံပါတ် 09-686 732 954, 09-263 072 904 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လူတွေ့ အင်တာဗျူးကိုတော့ ဩဂုတ်လကုန်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။