ဓာတ်ပုံ- TNLA

ရွှေဖီမြေ၊ ဧပြီ ၂၂ ရက်

တအာင်းပညာရေး အကယ်ဒမီကျောင်း- TEA အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်က တအာင်းဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

TEA အပတ်စဉ်(၂)ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသူ ၁၂၈ ဦး၊ ကျောင်းသား ၂၇ ဦး စုစုပေါင်း ၁၅၅ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ သင်တန်းဆင်းပြီးတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ တအာင်းပြည် ပညာ‌‌ရေးကောင်စီ- TLEC ဖွင့်လှစ်ထားတဲ့ အခြေခံပညာ စာသင်ကျောင်းတွေမှာ ဆရာဆရာမအဖြစ် တစ်နှစ် တာဝန်ထမ်းဆောင်ပြီးနောက် ပညာရေးဒီပလိုမာတန်း ဆက်လက် သင်ကြားနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

TEA အပတ်စဉ်(၁) ကျောင်းဆင်းပွဲကို ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် ဧပြီလမှာ ကျင်းပခဲ့တာဖြစ်ပြီး အပတ်စဥ်(၃) သင်တန်းကျောင်းကိုတော့ လာမယ့် ဩဂုတ်လမှာ ဆက်လက် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လ၊ တအာင်းသမိုင်းသုတေသနအဖွဲ့မှ ဒေါက်တာ အောင်မင်းဦး၊ TLEC နဲ့ TEA မှ တာဝန်ရှိသူအပါအဝင် စုစုပေါင်း လူဦး‌ရေ ၅ဝဝ နီးပါး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။