မိုင်းရူပ၊ နိုဝင်ဘာ ၁၁ ရက်၊ မိုးကုတ်

စစ်ကောင်စီကို ပြန်ပေးမယ့် မန္တလေးတိုင်း မိုးကုတ်မြို့မှာ တအာင်းတပ်မတော်- PSLF/TNLA က မြို့ခံတွေကို မိုးကုတ်ဂေါက်ကွင်းမှာ ကျောက်တူးဖော်မှု ခွင့်ပြုပေးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တအာင်းတပ်က မိုးကုတ်မြို့ကို စစ်ကောင်စီထံ ပြန်ပေးမယ်လို့ သဘောတူပြီးနောက် အရင်က ကျောက်လုပ်ငန်းရှင်တွေကို တူးဖော်ခွင့် ပေးခဲ့တဲ့ မိုးကုတ်ဂေါက်ကွင်းထဲက နေရာတချို့မှာ မြို့ခံတွေကို တနိုင်တပိုင် တူးဖော်ခွင့် ပြန်ပေးတာပဲ ဖြစ်ပါတယ်။

“အရင်က ကုမ္ပဏီတွေကို တူးဖော်ခွင့် ပေးထားတဲ့နေရာတွေကို ဒေသခံတွေ ပေးလုပ်တာ။ အလကားတော့ မဟုတ်ဘူး။ ကျောက်ရရင် TNLA ကို ရာခိုင်နှုန်းနဲ့ ပြန်ပေးရတာ” လို့ မိုးကုတ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်ဂေါက်ကွင်းဟာ ကျောက်အများဆုံးထွက်တဲ့နေရာဖြစ်ပြီး လက်ရှိ မိုးကုတ်မြို့မှာ ကျောက်ကုမ္ပဏီတချို့ကလည်း ကျောက်မျက်တူးဖော်မှု ဆက်လုပ်နေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ကြားဝင်မှုကြောင့် စစ်တပ်နဲ့ တအာင်းတပ်တို့ အပစ်ရပ်ဖို့ သဘောတူပြီးနောက် တအာင်းတပ်က ၎င်းတို့ ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်မှာ တအာင်းတပ်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်း ရပ်ဆိုင်းမှာဖြစ်ပြီး တအာင်းတပ်က နိုဝင်ဘာ ၂၅ ရက် နောက်ဆုံးထားပြီး မြို့တွင်းကနေ ဆုတ်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။