ဓာတ်ပုံ- Local

မြတ်နိုး၊ ဧပြီ ၁ ရက်၊ လိုင်ဇာ

ကချင်ပြည်နယ် လိုင်ဇာအနီး ဂျဲယန် စစ်‌ရှောင်စခန်းက ကျောင်းသူ ၃ ယောက်ကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို မတ်လ ၂၉ ရက်က သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဂျဲယန် စစ်‌ရှောင်စခန်းက ကျောင်းသူလေး ၃ ယောက်ကို ပြန်ပေးဆွဲ နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို ထောင်ဒဏ် အနှစ် ၃၀ အပါအဝင် သေဒဏ် ချမှတ်လိုက်ပြီလို့ သိရတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တရားခံရဲ့ ပြဿနာက များတယ်။ အရင်ကလည်း လိမ်လည်တာတွေ၊ KIA ရဲဘော်တွေရဲ့ သေနတ်တွေ ခိုးရောင်းတာတွေ ကျူးလွန်ခဲ့ဖူးတယ်။ အဲဒီနောက်တော့ ကလေး ၃ ယောက်ကို ပြန်သတ်ပစ်တယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

လူကိုသတ်ရန် ခိုးယူမှု သို့တည်းမဟုတ် သွေးဆောင်ဆွဲခေါ်မှု ပုဒ်မ ၃၆၄ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်၊ သက်ငယ်မုဒိန်းမှု ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် အနှစ် ၂၀ နဲ့ လူသတ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ သေဒဏ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။

တရားခံ အုန်းဆောင်းဝ် ဒွဲအောင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်က လိုင်ဇာမြို့အနီး ဂျဲယန် စစ်ရှောင်စခန်းက အသက် ၁၀ နှစ်ခန့်အရွယ် ကျောင်းသူ ၃ ဦးကို ပြန်ပေးဆွဲပြီး နှိပ်စက် သတ်ဖြတ်ခဲ့ရာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကချင်တပ်မတော်- KIO/KIA ရဲ့ သက်ဆိုင်ရာဌာနက ဖမ်းဆီးအရေးယူခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။