ဓာတ်ပုံ- နှလုံးသား ပရဟိတ

မိုင်းပန်ပျော်၊ ဧပြီလ ၃၀ ရက်၊ သီပေါ

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ လေ‌ပြင်းတိုက်ခတ်လို့ ဆိုင်ခန်းတွေအပေါ် သစ်ပင်ကျိုးကျပြီး ဆိုင်ခန်းတစ်ဆိုင်ပျက်စီးသွားခဲ့တယ်လို့ ရွှေဖီမြေက သိရှိရပါတယ်။

မနေ့က ဧပြီလ ၂၉ ရက် ညနေ ၄ နာရီ ဝန်းကျင် သီပေါမြို့ မြို့လယ်ရပ်ကွက် မိုင်းပွန်လမ်းဘေး အကင်ဆိုင်ကပ်ရပ်မှာရှိတဲ့ ဆိုင်ကယ်ဝပ်ရှော့ဆိုင်အပေါ်ကို သစ်ပင်ကျိုးကျခဲ့တာဖြစ်တယ်လို့ သီပေါမြို့ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

“မနေ့ညနေ ၄ နာရီကျော်။ ဆိုင်ကယ်ပြင်ဆိုင်ဗျ။ ဘေးမှာ ကွမ်းယာဆိုင်ရှိမယ်။ ဆိုင်ကယ်ပြင်ဆိုင်ကို အကုန်လုံးပိသွားပြီး ဘေးဆိုင်ကို အနည်းအကျဉ်းတော့ထိတယ်။ လူတွေကတော့ သစ်ပင်ကျိုးသံကြားပြီး ထွက်ပြေးကြတော့ မထိလိုက်ဘူး”

ဆိုင်အပေါ်ကျိုးကျတဲ့ သစ်ပင်ကို သီပေါမြို့ မီးသတ်တပ်ဖွဲ့ နှလုံးသားပရဟိတအသင်း ဝိုင်းဝန်းကူရှင်းခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အလားတူ မနေ့က ဧပြီလ ၂၉ ရက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ရွာသစ်ရွာမှာ မိုးကြိုးပစ်ခံရတဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့လည်း ပျက်စီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။