ရဲမာန်၊ ဩဂုတ် ၂၇ ရက်၊ ညောင်ရွှေ
ရှမ်းတောင် ညောင်ရွှေမြို့နယ် ကျေးပေါခုံကျေးရွာအုပ်စု ကံခေါင်းရွာမှာ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၂၆ ရက် နေလယ် ၂ ခွဲခန့်မှာ လေပြင်းစတင်တိုက်ခတ်ခဲ့ရာ မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
“ကံခေါင်းရွာမှာ အိမ်ခြေ ၁၈၅ အိမ်အနက် ၆၅ အိမ်က အတော်ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ ကျန်အိမ်တွေက အနည်းအကျဥ်းဘဲ ပျက်စီးသွားတယ်”
ဒါ့အပြင် တောင်တိုကျေးရွာအုပ်စု ဟတ်ပုံးကျေးရွာမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့်ပဲ နေအိမ်တွေ ပျက်စီးသွားပြီး ပျက်စီးသွားတဲ့ စာရင်းအတိကျကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။
ညောင်ရွှေ၊ ကလော၊ ပင်လောင်း စတဲ့မြို့တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်တုန်းကလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အင်းလေးကန်အတွင်းရှိ နေအိမ် ၂၀၀ ကျော် နစ်မြှုပ်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။