ဓာတ်ပုံ- CJ

လွေးထွေး၊ မတ်လ ၂၅ ရက်၊ သီပေါ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်ရှိ နားခေါ်ကျေးရွာအုပ်စု ကျင်သီရွာအနီးက တိန်လုံ ကြိုးဝိုင်းထဲမှ သစ်တွေကို ရှမ်းတပ်မတော်- SSPP/SSA က ခုတ်ယူနေတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မတ်လ တတိယအပတ်ကတည်းက သစ်တောကြိုးဝိုင်းထဲက သစ်ပင် အသေးစားတွေကိုပါ SSPP က ခုတ်ယူနေပြီး ရောင်းချဖို့ လုပ်နေတာ ဖြစ်ပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားက “သူတို့ခုတ်တဲ့ သစ်တွေက အရွယ်ငယ်သေးတယ်။ ကြိုးဝိုင်းထဲက သစ်လည်းဖြစ်တယ်။ ကားလမ်း အရှေ့ဘက်ခြမ်း TNLA ဝင်လို့မရတဲ့တစ်ကျောလုံး ဖြစ်တယ်။ TNLA တွေ ဝင်ကြည့်ဖို့ လုပ်တော့လည်း သူတို့ မပေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် SSPP ဟာ သီပေါမြို့နယ်က ကျေးရွာတချို့မှာလည်း ဆန်၊ ဆီ၊ ဆားအပြင် ငွေတောင်းနေတဲ့ လုပ်ရပ်လည်း လုပ်ဆောင်နေတာရှိကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။

TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယအပတ်က သတ်မှတ်ထားတဲ့ ကြိုးဝိုင်းထဲက ကျွန်းပင် ခိုးခုတ်သူ အရပ်သား ၁၇ ဦးကို TNLA က ဖမ်းဆီးခဲ့ပြီး ၁ လအကြာမှာ ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။