ရွှေဖီမြေ၊ အောက်တိုဘာ ၁၈ ရက်

စစ်ကောင်စီထိုးစစ်ဆင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီတပ်ကို ကူညီလမ်း‌ကြောင်းဖွင့်ပေးတာဖြစ်တယ်လို့ တအာင်းတပ်မတော်-TNLA မီဒီယာတွေမှာ ပြောဆိုထားတဲ့အပေါ် SSPPက ကန့်ကွတ်ရှုတ်ချတယ်လို့ SSPPက ဒီနေ့ အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ တိုက်ပွဲတွေမှာ SSPPတပ်ဟာ စစ်ကောင်စီနဲ့ TNLA တို့အကြား ဘယ်ဘက်ကမှ ဝင်ရောက်စွက်ဖက်တာမရှိဘူးလို့ ဆိုထားပါတယ်။

SSPPတပ်ဟာ စစ်ဘေးဒဏ်ခံရတဲ့ စစ်ဘေးရှောင်လူထုတွေကိုသာ ကြိုးစားကူညီတဲ့ လူထုကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ TNLAတို့ဟာ SSPP ထိန်းချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်ပြီး လူထုအသက်အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုကို ဆိုးရွားစွာ ထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့တာဖြစ်တာကြောင့် အဲဒီဆုံးရှုံးမှုတွေအတွက် သက်ဆိုင်သူအဖွဲ့တွေက တာဝန်သိသိ တာဝန်ယူ ဖြေရှင်းပေးရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ TNLAဘက်က ပြောဆိုတဲ့အပေါ်မှာ SSPP အပေါ် လူထုနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ထင်ယောင်ထင်မှား ဖြစ်စေတဲ့အပြင် SSPPက နိုင်ငံရေးအရ ထိုးနှက်လိုမှုနဲ့ လူထုတို့အကြား စည်းရုံးရေးကျဆင်းစေလိုတဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။

SSPP နဲ့ TNLA ဟာ FPNCCအဖွဲ့ဝင်တွေဖြစ်ကြပေမယ့် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်ပိုင်းမှာတော့ ၂ ဖက်တပ်အကြား နယ်မြေအငြင်းပွားမှုတွေ မကြာခဏဖြစ်ပွားပြီး ပစ်ခတ်မှုတချို့လည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တဲ့ ကျောက်မဲကို ထိုးစစ်ဆင်ဝင်ရောက်ချိန် SSPPထိန်းချုပ်ထားတဲ့ နောင်ပိန်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာကနေတစ်ဆင့် ထိုးဖောက်ဝင်ရောက်ခဲ့တာဖြစ်ပေမယ့် SSPPဘက်ကတော့ ဝင်ရောက်စွတ်ဖက်တာ မရှိဘူးလို့ ဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။