ယာရူစိင်း၊ ဇန်နဝါရီ ၁၉ ရက်၊ ကျေးသီး

ရှမ်းတောင် ကျေးသီးမြို့ရှိ မိုင်းကောင်ဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ တွဲကားတွေကို ရှမ်းပြည်တပ်မတော်- SSPP/SSA က တစ်နှစ်စာအတွက် အခွန် သိန်းဆယ်ချီ ကောက်ခံနေပြီး ဖြတ်သမျှ ဂိတ်တွေမှာလည်း သောင်းဂဏန်း ထပ်မံ ကောက်ခံနေကြောင်း ဒေသခံ‌တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တွဲကားတစ်စီးကို ၁ နှစ်စာအတွက် ၁၀ သိန်းထက်မနည်း ပေး‌ဆောင်‌နေရပြီး အိမ်စီးကား တစ်စီးကိုတော့ ၂ သောင်းအထက် ပေးဆောင်ရတယ်လို့ သိရပါတယ်။

ကားသမားတွေအနေနဲ့ အခွန်ဆောင်ဖို့အတွက် SSPP ရဲ့ ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာ သွားရောက် ပေးဆောင်ရတယ်လို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မိုင်းကောင်ဂိတ်က ကျေးသီးမြို့တောင်ပိုင်း ၈ မိုင်အကွာလောက်မှာဘဲ ရှိတာ။ အခွန်က ကားသေး ကားကြီး ကုန်ကား အကုန်ပါဘဲ ဆောင်ရတာ။ အခွန်ဆောင်ဖို့ရန်အတွက် သူတို့တပ် ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာ သွားပြီး ဆောင်ရတာပေါ့။ သူတို့ သတ်မှတ်ထားတဲ့ အခွန်ကြေးအတိုင်းဘဲ ပေးဆောင်ရတာပါ။ ဂိတ်ကြေးတော့ မဟုတ်ဘူး တစ်နှစ်စာ အခွန်ပေါ့နော်။ အခွန်စာရွက်စာတမ်းတွေ စစ်တယ်။ မဆောင်ရသေးဘူးဆို ဆောင်ခိုင်းတာပေါ့။ ဒါက ရှမ်းဂိတ်က စစ်တာပါ ဗမာဂိတ်တွေက မစစ်ဘူး”

အခွန်ဆောင်တဲ့ စာရွက်စာတမ်း ရှိထားပေမဲ့ SSPP ဂိတ် ၃ ဂိတ်ကို ဖြတ်သန်းရာမှာ ဂိတ်ကြေး ၅ ထောင်ကနေ ၁ သောင်းခွဲအထိ ထပ်ပေးရတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

နောက်ထပ် သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “၂၀၂၅ ခုနှစ်အတွက် ၁ နှစ်စာအခွန်ကို အတင်းဆောင်ခိုင်းတယ်လို့ ကျနော်လည်း ကြားရတယ်။ နှစ်တိုင်းတော့ အခွန်ဆောင်ရပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်အတွက် အခွန်ဆောင်ခိုင်းတာလည်း ဖြစ်နိုင်တယ်။ အများဆုံးအခွန်‌ဆောင်ရတာတော့ တွဲကားပေါ့။ ကားသေးတွေကျ ဘယ်လောက် ပေးဆောင်ရလဲဆိုတာတော့ ကျနော်လည်း မသိပါဘူး။ သူတို့ သတ်မှတ်ထားတဲ့ အခွန်ဆိုတာ ရှိပါသေးတယ်။ တွဲကားဆိုဘယ်လောက် အဓိက ကားအမျိုးအစားနဲ့ ဆိုင်တာပေါ့” လို့ ပြောပါတယ်။

ရှမ်းတောင် ကျေးသီးကနေ ရှမ်းမြောက် မိုင်းရယ်မြို့ဘက်သွားဖို့ ကောင်းလန်းရွာတံတား မရောက်ခင်မှာ စစ်တပ်ရဲ့ ဂိတ် ၂ ဂိတ် ရှိထားပြီး စစ်ဆေးမှု တင်းကြပ်တဲ့အပြင် ငွေပေးရင်တော့ ဖြတ်သန်းခွင့် ပြုပြီးတော့ တချို့ရက်မှာ ဂိတ် ပိတ်တတ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။