ရွှေဖီမြေ၊ မတ်လ ၂၄ ရက်၊ မိုင်းရှူး

ရှမ်းတောင် မိုင်းရှူးမြို့နယ်ထဲ ရောက်ရှိလာတဲ့ ကျားဖျန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ရှမ်းတပ်မတော်- SSPP/SSA က ဖမ်းဆီးခဲ့ပါတယ်။

တရုတ်နိုင်ငံသားတချို့နဲ့အတူ ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူနဲ့ ဆက်စပ်ပစ္စည်းကိုလည်း သိမ်းဆည်းရမိ‌ခဲ့ကြောင်း SSPP က ဒီနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ မတ်လ ၂၃ ရက် မနက်အစောပိုင်းက မိုင်းရှူးမြို့နယ် မန်ကျောင်းကျေးရွာအုပ်စုရှိ တောတွင်းတစ်နေရာမှာ တရုတ်နိုင်ငံသားတချို့နဲ့ ကျားဖျန့်လုပ်ကိုင်သူအပြင် ဖုန်းမျိုးစုံ၊ I Pad၊ ကွန်ပျုတာမျိုးစုံ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသားကိုတော့ တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

SSPP အုပ်ချုပ်တဲ့နေရာအတွင်း ကျားဖျန့်ဂိုဏ်း အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ လက်ခံမထားကြဖို့၊ လူထုတွေအပြင် တပ်မှူး၊ ဌာနမှူးအဆင့်ဆင့်နဲ့ အုပ်ချုပ်ရေးတာဝန်ခံ အဆင့်ဆင့်တွေကိုလည်း ပြီးခဲ့တဲ့နှစ် မေလ ၁၃ ရက်ကတည်းက အမိန့်ထုတ်ပြန်ခဲ့ပြီး ကျားဖျန့်ဂိုဏ်းနဲ့ ပါဝင်ပတ်သက်ကြောင်း သိရှိပါက ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမယ်လို့ SSPP က ပြောဆိုထားပါတယ်။

အချက်အလက် အသေးစိတ်ကို သိရှိနိုင်ဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ရွှေဖီမြေက စာပို့တဲ့အပြင် ဖုန်းနဲ့လည်း ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။