မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ ဆီဆိုင်

ရှမ်းတောင်မှာ လက်နက်ကိုင်တွေဆီ အခွန်ဆောင်ပြီး ဒေသခံတွေ စိုက်ပျိုးထားတဲ့ ဘိန်းတွေ စတင်ခြစ်ထုတ်နေပြီး ဘိန်းတစ်ပိဿာကို ၁၀ သိန်းကျပ်ဝန်းကျင် ရနေပါတယ်။

ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ မိုင်းကိုင်၊ လွိုင်လင်၊ လဲချား စတဲ့မြို့နယ်တွေမှာ ဘိန်းတွေကို ဒေသတွင်း လှုပ်ရှားတဲ့ လက်နက်ကိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ အဓိက စိုက်ပျိုးကြတာဖြစ်တယ်လို့ ဆီဆိုင်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မြို့အနီးတော့ မစိုက်ကြဘူး။ မြို့နဲ့ဝေးတဲ့ နေရာတွေပေါ့။ လက်နက်ကိုင်တိုင်းကို ပေးရတာဘဲ။ အခု ဘိန်းခြစ်တဲ့ရာသီလေ။ တစ်ပိဿာကို ၁၀ သိန်းလောက် ရတယ်လို့ သိရတယ်”

ဒေသခံတွေ ဘိန်းစိုက်ပျိုးခွင့်ရဖို့ ဒေသတွင်း လှုပ်ရှားတဲ့ လက်နက်ကိုင်တွေကို ရွာအလိုက် သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ပေးရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်း၊ မိုင်းကိုင်၊ လွိုင်လင်၊ လဲချား စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်- PNA၊ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS တို့ သွားလာလှုပ်ရှားကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့- UNODC က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၄ ခုနှစ်မှာ အနည်းငယ် ကျဆင်းခဲ့ပေမဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေတယ်လို့ ဖော်ပြထားပါတယ်။

ဘိန်းစိုက်ပျိုးတဲ့အထဲမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဒေသအဖြစ် ၈၈ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။