ဓာတ်ပုံ- Jobs for Kayah

မိုင်းရူပ၊ မတ်လ ၁၂ ရက်

ကရင်နီပြည် ဒီးမော့ဆို၊ ဘောလခဲ၊ လွိုင်ကော်အရှေ့ခြမ်းနဲ ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းမှာ ရေရှားပါးမှုနဲ့ ကြုံနေရပြီး စစ်ရှောင်စခန်းတချို့မှာ အလှည့်ကျစနစ်နဲ့သာ ရေချိုးနေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ရာသီဥတု ပူပြင်းလာပြီး တောင်ကျရေတွေ ခန်းလာတာကြောင့် စစ်ရှောင်စခန်းတချို့မှာ ရေ ရရှိဖို့ မိုင်နဲ့ချီ သွားခပ်ရသလို ရေချိုးဖို့လည်း အလှည့်ကျစနစ်နဲ့သာ ချိုးနေရတယ်လို့ ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ရေချောင်းကနေ ရေသွယ်ကြတယ်။ အခုက ရေထွက်ပေါက်က ခန်းလာပြီ။ တချို့နေရာမှာ ၃ ရက်တစ်ခါ ရေ ချိုးနိုင်ပေမဲ့ တချို့နေရာမှာ လူကြီးတွေက တစ်ပတ်တစ်ခါ တစ်လတစ်ခါပဲ ရေချိုးနိုင်တယ်။ ဖရူဆိုဘက်မှာဆိုရင် ရေထွက်ပေါက်ရှိတဲ့နေရာနဲ့ အဝေးကြီးပဲ ရေ သွားခပ်ရတယ်”

စစ်ရှောင်တွေ ရေရရှိဖို့ အရပ်ဖက်အဖွဲ့အစည်းတချို့ လာရောက် ကူညီပေးတာ ရှိပေမဲ့ လုံလောက်မှု မရှိသေးဘဲ အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီ ပေးနေတဲ့ Jobs for Kayah အဖွဲ့ရဲ့ တာဝန်ရှိသူ ကိုကောင်းမြတ်က ရွှေဖီမြေကို ပြောပါတယ်။

“ရေရရှိမှု အခက်ဆုံး အခြေအနေ အဆိုးဆုံးက ဖရူဆိုဖက်ပါ။ ဒီးမော့ဆို အနောက်ခြမ်းမှာတော့ စစ်ရှောင်အများစု ရှိတဲ့နေရာမှာ ရေ ရရှိနိုင်တဲ့ အရင်းအမြစ် ရှားလာတယ်။ ရေ ရနိုင်တဲ့နေရာက ဝေးတယ်။ အခု နွေရာသီ ရောက်တော့ တောင်ကျရေ၊ ကန်တွေမှာ ရေခန်းခြောက်ကုန်တော့ ပိုပြီး ခက်ခဲသွားတယ်”

စစ်ရှောင်စခန်းတချို့မှာတော့ ရေကို ဝယ်ယူသုံးစွဲနေရပြီး ရေပုံးအပြာ ၃ ပုံးပါတဲ့ ကားတစ်စီးကို ရေသယ်ရတဲ့ ခရီးအကွာအဝေးအပေါ် မူတည်ပြီး အနည်းဆုံး ၄ သောင်းခွဲကနေ ၇ သောင်းအထိ ပေးရတယ်လို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည်ရှိ စစ်ရှောင်စခန်းတွေမှာ နွေရာသီရောက်တိုင်း နှစ်စဥ်လိုလို ရေရှားပါးမှုဒဏ်ကို တွေ့ကြုံနေရတာလည်း ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂ သိန်း ရှိတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။