ဓာတ်ပုံ- Local

ခိုင်လေး၊ မတ်လ ၂၈ ရက်၊ နမ့်ဆန်

‎တအာင်းဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာမှာ ဒီနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အထက စာသင်ကျောင်းက အခန်းတချို့ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နေ့လယ် ၁၂ နာရီ ၅၂ မိနစ်က ငလျင် လှုပ်ခတ်မှုကြောင့် နှစ်ထပ်ကျောင်းဆောင်ရဲ့ အပေါ်ထပ်က မျက်နှာကြပ်နဲ့နံရံ ပြိုကျပျက်စီးခဲ့တာလို့ ဆိုပါတယ်။

‎”အခန်းထဲမှာက လူတော့ မရှိဘူး။ ကျမတို့က နောက်နှစ် G-12 အတွက် ကျူရှင် တက်နေတာ။ ထမင်းစာချိန်မို့လို့ ကိုယ့်အိမ်ကို ပြန်ကြတာ။ အခန်း ၃ ခန်း ပျက်စီးသွားတယ်။ ရွာက အိမ်တွေကြတော့ ပျက်စီးတာ မရှိဘူး။ ဘုန်းကြီးကျောင်းလည်း ဘာမှမဖြစ်ဘူး။ စာသင်ကျောင်းဘဲ ဖြစ်သွားတာ”

G-12 ကျောင်းသူကျောင်းသားတွေ ထမင်းစားချိန်အပြန် လမ်းတစ်ဝက်မှာတင် ငလျင်လှုပ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

‎”နေ့လယ်ပိုင်းလည်း ပြန်တက်ရမှာဆိုတော့ ကျမတို့က စာအုပ်တွေကို အခန်းထဲမှာဘဲ ထားခဲ့တာ။ ကျောင်းရောက်တဲ့အချိန် အဆောက်အအုံးတွေက အဲလိုဖြစ်သွားတော့ ထားခဲ့တဲ့ စာအုပ်တွေ ပြန်ယူလို့ မရတော့ဘူး”

‎နမ့်ဆန်မြို့ပေါ်မှာလည်း ငလျင် လှုပ်ခတ်မှု အနည်းငယ် ရှိခဲ့ပြီး နေအိမ် ထိခိုက်ပျက်စီးမှု ပြင်းထန်တာမျိုးတော့ မရှိသေး‌ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

‎အလားတူ တအာင်းဒေသ မန်တုံမြို့နယ် ဟင်ဟောင်းရွာရှိ စေတီလည်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး သီပေါ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမှာလည်း ငလျင် လှုပ်ခတ်ခဲ့ပါတယ်။

‎ဒီနေ့ မတ်လ ၂၈ ရက်မှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် တိုင်းနဲ့ပြည်နယ် ၆ ခုမှာ အဆောက်အအုံ ထိခိုက်ပျက်စီးမှု များပြီး သေဆုံး‌သူတွေလည်း ရာနဲ့ချီ ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။