ဓာတ်ပုံ – Google

မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ ပြည်

ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ အကြောင်းပြချက်မရှိဘဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM ဆီက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၇ နာရီခွဲခန့် ပြည်အကျဉ်းထောင်ရဲ့ အကျဉ်းထောင်စားရိပ်သာ တာဝန်ခံ ဖိုးခေါင်ဆိုသူက အကျဉ်းသားတစ်ဦးကို အကြောင်းပြချက်မရှိဘဲ ရိုက်နှက်ခဲ့ရာ ကျန်နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့်က ဖိုးခေါင်ဆိုသူကို အရေးယူပေးဖို့ တောင်းဆိုရာကနေ အကျဉ်းထောင် ဗဟိုကင်းကနေ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ပါတယ်။

အဲဒီနောက်မှာ အကျဉ်းထောင် တာဝန်ရှိသူတွေရဲ့ စေခိုင်းမှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဝါးဆစ်တုတ်၊ သစ်သားတုတ်နဲ့ ဓားတွေ အသုံးပြုကာ ရိုက်နှက်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၅ ဦးဟာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

“ဆေးဝါး ကုသခွင့် ပေးဖို့တော့ တင်ပြထားပြီး အရေးယူမှုလည်း လုပ်ဆောင်ပေးမယ်လို့ နောက်ဆုံး သိထားရပါတယ်ဗျ။ အရင်ကလည်း ဖိနှိပ်တာမျိုးတော့ ရှိပါတယ်။ ဒီအခေါက်က ပိုဆိုးပါတယ်” လို့ PPNM ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ရွှေဖီမြေကို ပြောပါတယ်။

နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားကို စစ်ကောင်စီရဲ့ အကျဉ်းထောင်ဝန်ထမ်းက ရိုက်နှက်တာ၊ ဆေးကုသခွင့် မရလို့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ဖမ်းဆီးခံရတဲ့ အရပ်သားနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၂၈,၀၀၀ ကျော် (၂၈,၆၃၇ ဦး)ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။