မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မိုင်းရယ်

ရှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ မိုင်းဟပြည်သူ့စစ်က ဖွင့်လှစ်ထားတဲ့ ကျားဖြန်ရုံတွေကို စစ်ကောင်စီက စီးနင်းပြီးနောက် ကျားဖြန် လုပ်ကိုင်သူတချို့ကို ရှမ်းတောင် မိုင်းနောင်မြို့နယ်ဘက် နေရာပြောင်းရွှေ့ထားပေးတယ်လို့ သိရပါတယ်။

မိုင်းရယ်မြို့နယ် မိုင်းဟပြည်သူ့စစ်ထိန်းချုပ်တဲ့ မိုင်းဟဒေသဖက်မှာလည်း ကျားဖြန်ရုံ ဆက်ရှိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကစပြီး အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ မိုင်းရယ်မြို့နယ် မိုင်းဟပြည်သူ့စစ်နယ်မြေရှိ ကျားဖြန်ရုံကို လိုက်လံ စီးနင်းပြီးနောက် ကျားဖြန်ရုံကို နေရာပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

“စစ်ကောင်စီက ကျားဖြန်ရုံတွေ ဝင်စီးတော့မယ်ဆိုရင် သတင်းပို့ပြီးမှ ဝင်တာ။ ပြေးတဲ့သူက ပြေးကြပြီလေ။ မိုင်းနောင်ဘက် ပို့တာလည်း ရှိတယ်။ မိုင်းဟပြည်သူ့စစ် နယ်မြေထဲမှာဘဲ နေရာပြောင်းပြီး လုပ်တာလည်း ရှိတယ်” လို့ ကျားဖြန်အကြောင်း သိရှိထားတဲ့ မိုင်းရယ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းဟပြည်သူ့စစ် ထိန်းချုပ်ထားတဲ့ မိုင်းဟ၊ မန်ကြူ၊ မန်ဟိန်းနဲ့ မန်ပန် စတဲ့ကျေးရွာအုပ်စုမှာ ကျားဖြန် လုပ်ကိုင်သူ ၄ ထောင်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကမေ ၉ ရက်အထိ ကျားဖြန်လုပ်ငန်းမှာ လုပ်ကိုင်‌နေတဲ့ လုံခြုံရေး ဆောင်ရွက်ပေးနေသူ ၅ ဦး၊ တရုတ်နိုင်ငံသား ၅၀ ဦး ၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၃၄ ဦး စုစုပေါင်း ၁၀၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး တရုတ်ရဲ့ ဖိအားကြောင့် စစ်ကောင်စီဟာ အွန်လိုင်း ငွေလိမ်ဂိုဏ်းကို လိုက်လံ စီးနင်းတာနေပြီး ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေသူ (၁,၀၃၀)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဖေဖော်ဝါရီ ၁၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

နယ်စပ်ဒေသရှိ ငွေလိမ်ဂိုဏ်းတွေကို အိမ်နီးချင်းနိုင်ငံနဲ့ ပူးပေါင်းပြီး တိုက်ဖျက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။