ယာရူစိင်၊ မတ်လ ၂၂ ရက်၊ တောင်ကြီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ရုံးမှာ ရှမ်းမြောက်က မှတ်ပုံတင်သွားလုပ်တဲ့ ဒေသခံတချို့က မှတ်ပုံတစ်ခုရဖို့ကို လချီပြီး ကြန့်ကြာမှုတွေ ရှိနေတာကြောင့် အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့မှာ မှတ်ပုံတင်လုပ်ရဖို့ကို ၂ လကျော်ကြာတဲ့အထိ စောင့်ဆိုင်းပေမယ့် သွေးနှောဆိုပြီး လဝက ဖက်က လုပ်ဆောင်ပေးခြင်းမရှိဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မှတ်ပုံတင်လုပ်တာကို လဝကရုံးက အချိန်ဆွဲတယ်ပြောရမှာပေါ့။ တိုက်နယ်မှူးကတော့ လက်ဗွေနှိပ်ပေးတယ်။ သွေးနှောဖြစ်နေလို့ အထက်လူကြီးနဲ့ တွေ့ရမယ်ဆိုပြီး ရက်ချိန်းယူရတယ်။ ချိန်းယူထားတဲ့နေ့ကို သွားတော့လည်း မတွေ့ပေးဘူး။ အမြဲတမ်း နေပူထဲ သွားရပ်စောင့်ရတယ်။ မှတ်ပုံဆိုတာလည်း လူတိုင်းမရှိမဖြစ် လုပ်ရတာမို့ လုပ်နေရတာပါ”

လက်ရှိအခြေအနေအရ ရှမ်းမြောက်ကနေ ရှမ်းတောင်အထိရောက်ဖို့ကို ကုန်ကျစရိတ်တွေ သိန်းဆယ်ချီရှိတာကြောင့် အခုလို ကြန့်ကြာမှုတွေ ရှိနေတဲ့အပေါ် ပိုပြီးခက်ခဲစေတယ်လို့ ပြောပါတယ်။

နောက်ထပ် ကြုံတွေ့ခဲ့သူတစ်ဦးကလည်း “ကျနော်တို့လဲ လမ်းစရိတ်နဲ့ တည်ခိုးစရိတ်နဲ့တင် သိန်း ၃၀ လောက်ကုန်နေပြီ။ ဒါတောင် ခုထိ မရသေးဘူးလေ။ လူမျိုးခြားမို့တဲ့။ ဖြစ်သင့်လား။ ကိုးကန့်ဒေသဖက်ကဆို သိန်းဆယ်ချီအထက်ဘဲ”လို့ ပြောပါတယ်။

တောင်ကြီးအထိ မှတ်ပုံတင်သွားလုပ်ကြတဲ့ ရှမ်းမြောက်က ဒေသခံတချို့ မှတ်ပုံတင်တစ်ခုရဖို့ကို တစ်ဦး ကျပ်ငွေ ၆ သိန်းအထိ ပေးနေရတာတွေလည်း ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။