ဓာတ်ပုံ- Local, SW (မော်ချီးဒေသ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သူ

ရဲမာန်၊ ဇူလိုင် ၁၆ ရက်၊ မော်ချီး

ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ လေကြောင်းဒဏ်ကြောင့် ဒေသခံတချို့ နေရပ်စွန့်ခွာမှု ရှိလာတယ်လို့ ဒေသခံအမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

ဇူလိုင် ၁၄ ရက်‌ နေ့လယ် ၂ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ‌တောင်ပေါ်ရွာမှာ နေထိုင်သူ ၁၀ အိမ်တောင် မရှိတော့ဘူးလို့ ၎င်းအမျိုးသမီးက ပြောပါတယ်။

“မကြာမကြာ လာနေတော့ လုပ်စားဖို့လည်း အဆင်မပြေဘူးလေ။ အရေးထဲ ကုန်ဈေးနှုန်းက တက်နေတယ်။ ဒီနေ့တောင် ကင်းထောက်လေယာဉ်လာတာ ၃ ကြိမ် ရှိပြီ”

မော်ချီးဒေသမှာ နေထိုင်သူ အနည်းအကျဉ်းသာ ကျန်ရှိတော့တယ်လို့ သူမက ဆက်ပြောပါတယ်။

မနေ့ ဇူလိုင် ၁၅ ရက် မနက်အစောပိုင်း ၁ နာရီခန့်မှာ မော်ချီးဒေသ လိုဘာခိုခေါ် လေးထပ်ကွေ့ရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ရာ ဒေသခံ ၆ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်က တောင်ပေါ်ရွာကို လေ‌ကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇူလိုင် ၉ ရက်ကလည်း လိုလော်ထီးရွာကို ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ရာ ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး ဇွန်လ ၂၅ ရက်က မော်ချီးဒေသ ရပ်ကွက် ၁၅ ရှိ ခဲကျင်းကို ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၇ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတာဟာ ၈ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။