ဓာတ်ပုံ- SPM

မိုင်းရူပ၊ မတ်လ ၃၀ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ စက်သုံးဆီဆိုင်တချို့ ဆီစတင်ပြတ်လပ်နေပြီး ဆီတစ်လီတာကို ၁ သောင်းအထိ မြှင့်တက်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဘေးကြောင့် မန္တလေး၊ စစ်ကိုင်းဘက်ကနေ မိုးကုတ်မြို့သို့ ဆီတင်သွင်းလို့ မရတော့တာကြောင့် လက်ကျန် စက်သုံးဆီတွေကို ရောင်းချနေရပြီး ငလျင် လှုပ်ခတ်မှုမဖြစ်ခင်က မိုးကုတ်မှာ ဓာတ်ဆီ တစ်လီတာကို ၆ ထောင်ဝန်းကျင် ရှိရာကနေ ဒီနေ့ မတ်လ ၃၀ ရက်မှာ ၁ သောင်းကျော်အထိ စျေးတက်လာတာ ဖြစ်ပါတယ်။

“ဆီတွေ မဝင်တော့ဘူးလို့ ပြောတယ်။ တချို့ဆိုင်တွေ ပြတ်နေပြီ။ ဆီက စစ်ကိုင်း၊ မန္တလေးတို့ဘက်ပဲ လာတာ။ အရင်က ပုံးအဝါ ၁ ပုံး (၂၀ လီတာ)ကို တစ်သိန်းနှစ်သောင်းပဲ ရှိတယ်။ ဒီနေ့ သွားဝယ်တာ ၂ သိန်းကျော်တဲ့” လို့ ဒီနေ့မှာ ဓာတ်ဆီ သွားဝယ်တဲ့ မိုးကုတ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု များပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းတောင်မှာလည်း ထိခိုက်မှု များခဲ့ပါတယ်။

မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး မနေ့ မတ်လ ၂၉ ရက်အထိ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူရဲ့ အလောင်း ၈၀၀ ကျော် တွေ့ရှိထားပြီး ဒီနေ့မှာလည်း သေဆုံးသူရဲ့ အလောင်းတွေကို ဆက်လက် ရှာဖွေနေပါတယ်။

မတ်လ ၂၉ ရက် ညနေပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၆၄၄ ဦးနဲ့ ဒဏ်ရာရသူ ၃,၄၀၈ ဦး ရှိလာပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။