ဓာတ်ပုံ – Local‎

မိုင်းရူပ၊ ဧပြီ ၇ ရက်

ရှမ်းတောင် ကလောနဲ့ သာစည်မြို့နယ်အစပ်က ငလျင်ဘေးဒဏ် သင့်ခဲ့ရတဲ့ ကျေးရွာတချို့မှာ ၁၀ ရက်ကျော်ကြာတဲ့အထိ အကူအညီမရသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဘေးဒဏ်သင့်တဲ့ ကျေးရွာတွေထဲမှာ ပိန္နဲပင်ရွာ၊ ရွှေမင်းဖုန်း၊ တောင်ပဲ့၊ စေတီတောင်ရွာနဲ့ စေတီမြောက်ရွာတွေဖြစ်ပြီး ပျက်သွားတဲ့နေအိမ် ၂၀၀ နီးပါးရှိနိုင်ပြီး အဲဒီထဲမှ ပျက်စီးမှုအများဆုံးဟာ ပိန္နဲပင်နဲ့ ရွှေမင်းဖုန်းကျေးရွာက ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေသခံတွေ နေ့စဥ်စားသောက်ဖို့ ရွာခံအချင်းချင်း ကူညီတာရှိပြီး ပြန်လည်ထူထောင်ရေးအတွက် သွပ်ပြားအပါအဝင် အိမ်ဆောက်ပစ္စည်းတွေ အဓိက လိုအပ်နေတယ်လို့ တောင်ပဲ့ရွာဘုန်းကြီးက ရွှေဖီမြေကို မိန့်ပါတယ်။

“ပိန္နဲပင်နဲ့ စေတီတောင်ရွာက တော်တော်လေး ပျက်စီးသွားတယ်။ အိမ်လုံးဝပျက်သွားတဲ့ အိမ်တွေက အမျိုးတွေဆီမှာ သွားနေကြတယ်။ အစားအသောက်ကတော့ အဲလောက်ထိ မလိုဘူး။ ပြန်လည်ထူထောင်ရေးအတွက် အုတ်၊ သွပ်၊ ဘိလပ်မြေတို့ လိုတာပါ့”

စေတီတောင်ရွာမှာလည်း ငလျင်ဘေးဒဏ်ကြောင့် နေအိမ်အားလုံးနီးပါး ပျက်စီးပြီး လက်ရှိအချိန်အထိ အကူအညီတွေ မရသေးပဲ ပျက်စီးသွားတဲ့ နေအိမ်တွေ ပြည်လည်ထူထောင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စေတီတောင်ရွာခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“အလှူရှင်ကတော့ ဘာမှမရောက်ဘူး။ ကျမတို့ရွာဆိုရင် အိမ်ခြေ ၁၆၀ ကျော်ရှိတယ်။ ၃ အိမ်လောက်တော့ လုံးဝပျက်စီးသွားတယ်။ ကျန်တဲ့အိမ်တွေက မပြိုပေမယ့် ဘယ်လိုမှ သုံးလို့မရတော့ဘူး”

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းတောင်တွေမှာ သေဆုံးသူ ထောင်နဲ့ချီရှိခဲ့ပြီး အထင်ကရနေရာတွေအပါအဝင် အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

လက်ရှိအချိန်ထိ နေရာတချို့မှာ ကူညီကယ်ဆယ်ရေး ဆက်လုပ်နေပြီး မထုတ်နိုင်သေးတဲ့ အလောင်းတွေလည်း ဆက်ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ဧပြီ ၆ ရက်အထိ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၃,၅၆၄ ဦးနဲ့ ဒဏ်ရာရသူ ၅,၀၁၂ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၁၀ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။