ဓာတ်ပုံ- ရေးဘီးလူး တပ်ရင်း

ခိုင်လေး၊ မတ်လ ၁၅ ရက်၊ ရေး

မွန်ပြည်နယ် ရေးမြို့အခြေစိုက် အမှတ်(၁၉) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စစ်သား ၆ ဦးက လက်နက်ခဲယမ်းနဲ့အတူ ရေးဘီးလူးတပ်ရင်းထံ မနေ့ မတ်လ ၁၄ ရက်မှာ အလင်းဝင်လာပါတယ်။

တပ်ကြပ်ကြီးက ၎င်းကိုင်ဆောင်ထားတဲ့ MA3 တစ်လက်နဲ့ ကျည်ဘောက် ၂ ခု၊ ကျည် ၆၀ နဲ့အတူ အလင်းဝင်ခဲ့တာဖြစ်ပြီး တပ်ကြပ်ကြီးကို ရေးဘီးလူးတပ်ရင်းက ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့ရဲ့ ပြောခွင့်ရသူ တပ်ရင်းမှူး ကိုထက်လှိုင်ဝင်းက ရွှေဖီမြေကို ပြောပါတယ်။

“ကျနော်တို့ဆီ အလင်းဝင်လာတဲ့ တပ်ကြပ်ကြီးက လက်နက် ပါတဲ့အတွက် ဆုငွေ သိန်း ၃၀ ဆုချတယ်။ သူတို့ရဲ့ သဘောဆန္ဒအတိုင်းတော့ လုပ်ပေးဖို့ ရှိတယ်။ အခု သူတို့ကို လုံခြုံတဲ့‌နေရာမှာတော့ ထား ထားတယ်။ သူတို့နဲ့ ထိပ်တိုက် မမေးရသေးဘူး။ မေးပြီးရင် သူတို့ ဖြစ်ချင်တာတွေကို ကျနော်တို့ဘက်က အခြေအနေတစ်ခုကြည့်ပြီး ဆောင်ရွက်ပေးဖို့ ရှိတယ်”

အလင်းဝင်လာသူတွေထဲက တပ်ကြပ်ကြီး တစ်ဦးသာ လက်နက်ခဲယမ်း ယူဆောင်လာတာဖြစ်ပြီး ကျန် ၅ ဦးက အပတ်စဥ် နိမ့်လို့ လက်နက် ထုတ်မရတာလို့ ဆိုပါတယ်။

ရေးဘီးလူးတပ်ရင်း ထူထောင်ပြီးနောက်ပိုင်း ရေးဘီးလူးတပ်ရင်းထံ အလင်းဝင်လာသူ စုစုပေါင်း ၂၀ ဦးဝန်းကျင် ရှိခဲ့ပြီလို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်တပ်ဘက်က ဗိုလ်မှူးအဆင့်ရှိတစ်ဦး အပါအဝင် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၆၄ ဦး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။