ဓာတ်ပုံ – Local

မိုင်းရူပ၊ ဖေဖော်ဝါရီ ၉ ရက်၊ သီပေါ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံနဲ့ ရှမ်းစာသားကို ပြောင်းလဲပြုပြင်တဲ့အပေါ် ရှမ်းအရပ်ဖက် အင်အားစုက ကန့်ကွက်ကြောင်း မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ကြေညာချက် ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကစပြီး သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံနဲ့ ရှမ်းစာသားကို ဖြုတ်ချကာ ရှမ်းစာနဲ့ ရေးထားတဲ့ စာသားတွေကို ဖျက်ပြီး တအာင်းအမျိုးသားအလံနဲ့တူတဲ့ အရောင်ကို ပြောင်းလဲအသုံးပြုထားတယ်လို့ ဆိုပါတယ်။

သီပေါမြို့ဟာ ရှမ်းစော်ဘွားတွေ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တာဖြစ်ပြီး ရှမ်းလူမျိုး အများဆုံး နေထိုင်တဲ့ဒေသလည်းဖြစ်သလို ရှမ်း၊ တအာင်း၊ လီဆူနဲ့ ဗမာ စတဲ့တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ဒေသ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“အဓိကကတော့ မလိုလားအပ်ဘဲနဲ့ အတူတူနေကြသူတွေကြားမှာ ပြဿနာတွေ ဖြစ်လာမှာကို မလိုလားပါဘူး။ သီပေါမြို့ကို ဘယ်သူအုပ်ချုပ်သည်ဖြစ်စေ ဒေသခံတွေရဲ့သဘောထားမပါဘဲ လူမျိုးတစ်မျိုးတည်းကို ကိုယ်စားပြုတဲ့အလံမျိုး ပြောင်းတယ်ဆိုတာက စကစ လမ်းစဥ်လို ဖြစ်လာတာပေါ့နော်။ စိတ်လည်း မကောင်းသလို ကန့်လဲ ကန့်ကွက်ပါတယ်။ ပြန်ပြင်ဖို့လဲ မျှော်လင့်ပါတယ်” လို့ သဘောထားထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ရှမ်းလူငယ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

TNLA အနေနဲ့ မုခ်ဦးကို ဒေသခံလူထူတွေရဲ့ သဘောဆန္ဒမပါဘဲ ပြောင်းလဲပြီး လူမျိုးတစ်ခုတည်းကို ကိုယ်စားပြုတဲ့အလံကို ပြောင်းလဲလိုက်တာဟာ ဒီမိုကရေစီနဲ့ အာဏာရှင်ကို အကြောင်းပြုပြီး နယ်ချဲ့ဝါဒအသုံးပြုနေတာလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ရှမ်းအရပ်ဖက်အင်အားစုတွေက ထောက်ပြပါတယ်။

သီပေါဒေသခံတစ်ဦးကလည်း သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံနဲ့ ရှမ်းစာသားကို ပြောင်းလဲပြုပြင်တဲ့အပေါ် လူထုတွေကြားမှာ ဝေဖန်မှုတွေ ရှိနေကြောင်း ရွှေဖီမြေကို ပြောပါတယ်။

“မုခ်ဦးကတော့ နဂိုမုခ်ဦးပဲ။ ဆေးရောင်ပြောင်းချယ်တာတော့ တွေ့တယ်။ ဝေဖန်မှုတွေကတော့ ရှိနေတာပေါ့”

သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံနဲ့ ရှမ်းစာသားကို ပြောင်းလဲပြုပြင်တဲ့အပေါ် PSLF/TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ရွှေဖီမြေက စုံစမ်းရရှိချက်အရ သီပေါ မုခ်ဦးကို ပြောင်းလဲလိုက်တဲ့အပေါ် ဝေဖန်မှု ရှိပြီးနောက်ပိုင်း TNLA ဘက်က မူလအရောင်ကို ပြန်လည် ပြုပြင်ပေးသွားမယ်လို့ ပြောဆိုပေမဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

သီပေါမြို့ရှိ စစ်တပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း PSLF/TNLA က ၂ လ​ေကျာ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၁၃ ရက်မှာ မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ သီပေါမြို့မှာ PSLF/TNLA ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်နေတဲ့မြို့လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။