ဓာတ်ပုံ- လူမှုကူညီရေးအသင်း (အောင်ပန်း)

မိုင်းရူပ၊ ဧပြီ ၁ ရက်၊ အောင်ပန်း

ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့က ဟိုတယ်အောင်ပန်း ပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေပြီး ပျောက်ဆုံးနေသူတွေလည်း အသက်ရှင်နိုင်ခြေ နည်းတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင် လှုပ်ခတ်မှုဖြစ်ပြီး ၅ ရက်မြောက်နေ့ ဒီနေ့ ဧပြီ ၁ ရက်မှာ ပြိုကျနေတဲ့ အဆောက်အဦးကြားမှာ ပိမိနေသူတွေကို ဆက်လက်ရှာဖွေနေပြီး ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တချို့ကလည်း လာရောက် စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

“ပိတ်မိသူတွေက ရှိသေးတယ်။ ဆယ်လို့ မရသေးဘူး။ ရှာဖွေရေးကတော့ ဆက်လက်လုပ်ဆောင်နေတုန်းပဲ။ အဆောက်အဦးပျက်ကို ဖယ်ပြီးမှကို ရတော့မှာ အခုတော့ တောက်လျှောက် ဖယ်နေတယ်။ အခုက ၅ ရက်မြောက်နေ့ ရှိပြီဆိုတော့ အသက်ရှင်နိုင်ခြေတော့ နည်းတယ်” လို့ ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပျက်စီးနေတဲ့ အဆောက်အဦးကြား ပိတ်မိနေသူတွေထဲ ဟိုတယ်အောင်ပန်းရဲ့ ဝန်ထမ်းအပါအဝင် ဟိုတယ်မှာ တည်းခိုနေတဲ့ ဧည့်သည်တွေလည်း ပါဝင်ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မတ်လ ၃၁ ရက်အထိ ဟိုတယ်အောင်ပန်းမှာ သေဆုံးသူ ၉ ဦးရဲ့ အလောင်းကို တွေ့ရှိထားပြီး ၂၄ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

မတ်လ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ငလျင် လှုပ်ခတ်မှုမှာ ရှမ်းတောင် အောင်ပန်းနဲ့ ညောင်ရွှေမြို့နယ် အင်လေးဒေသမှာလည်း ထိခိုက်သေဆုံးမှုရှိပြီး အင်းလေးဒေသမှာတင် သေဆုံးသူ ၉၀ နီးပါးအထိ ရှိနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မနေ့ မတ်လ ၃၁ ရက်အထိ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၂,၀၅၆ ဦးနဲ့ ဒဏ်ရာရသူ ၃,၉၀၀ ဦးရှိပြီး ပျောက်ဆုံးနေသူ ၃၀၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။