ဓာတ်ပုံ- Local

မိုင်းရူပ၊ မတ်လ ၃၁ ရက်၊ မန္တလေး

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့က ဦးလှသိန်း ဗိမ္မာန်အတွင်းမှာ ပျောက်ဆုံးနေတဲ့ သံဃာတော်တွေကို ဆက်လက် ရှာဖွေနေပြီး ပျက်စီးနေတဲ့ အဆောက်အဦးကြားမှာလည်း အပုတ်နံ့ ထွက်နေတယ်လို့ ငလျင်လှုပ်ခတ်စဥ် ဦးလှသိန်း ဗိမ္မာန်ကနေ လွတ်မြောက်လာတဲ့ ဦးဇင်းတစ်ပါးက မိန့်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ဦးလှသိန်း ဗိမ္မာန်မှာ သံဃာတော်တွေ စာမေးပွဲ ဖြေဆိုနေစဥ် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆောက်အဦး ပြိုကျတာကြောင့်သံဃာတော် အပါး ၂ ရာကျော် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

“မနေ့ ဒကာမက သူတို့ဦးဇင်း သွားရှာတာ။ သူသွားတဲ့အချိန် ၆ ပါး ကယ်ထုတ်နိုင်ခဲ့တယ်။ သူ့ဦးဇင်း မပါခဲ့ဘူး။ အခြေအနေ ဆိုးတယ်။ အနံ့တွေလည်း ထွက်နေပြီ” လို့ ဦးလှသိန်း ဗိမ္မာန်ကနေ လွတ်မြောက်လာတဲ့ ဦးဇင်းတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။

ဦးလှသိန်း ဗိမ္မာန်မှာ မနေ့ မတ်လ ၃၀ ရက်အထိ သံဃာတော် ၇၁ ပါးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ၁၃ ပါးရဲ့ ရုပ်ကလာပ်ကို တွေ့ရှိထားတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

ငလျင်လှုပ်ခတ်တဲ့ရက်ကနေ ဒီနေ့အထိ အပျက်အစီးကြားမှာ ပိတ်မိသူတွေကို ဆက်လက် ရှာဖွေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေကြပါတယ်။

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှုများပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာလည်း ထိခိုက်မှု ရှိခဲ့ပါတယ်။

မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး မတ်လ ၂၉ ရက်အထိ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူရဲ့ အလောင်း ၈၀၀ ကျော် တွေ့ရှိထားပြီး ဒီနေ့မှာလည်း သေဆုံးသူရဲ့ အလောင်းတွေကို ဆက်လက် ရှာဖွေနေပါတယ်။

မနေ့ မတ်လ ၃၀ ရက်အထိ DVB သတင်းဌာနက ရရှိထားတဲ့ စာရင်းအရ ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၂ ထောင်ကျော် ရှိနေပြီး စစ်ကောင်စီတပ်ဘက်ကတော့ မတ်လ ၃၀ ရက်အထိ သေဆုံးသူ ၁,၇၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၃,၄၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။