ဓာတ်ပုံ – CJ

ပျားကြီး၊ မေ ၂၆၊ စစ်ကိုင်း

စစ်ကိုင်းမြို့ပေါ်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့နေအိမ်ဟာ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံအမည်ပေါက်တဲ့ မင်းလမ်းရပ်ကွက်၊ ကမ်းနားလမ်းနဲ့ မင်းလမ်းထောင့်နားက အိမ်အမှတ် ၃၅၉ ဟာ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် အဆောက်အဦးအတွင်းပိုင်းမှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

“အိမ်ထဲမှာက သိန်းရာချီတန်တဲ့ ကျွန်းစားပွဲတွေရှိတယ်။ အဖိုးတန်ပစ္စည်းတွေအများကြီးပဲ။ အဲဒါတွေအတော်များများပျက်စီးကုန်တာ။ လူကတော့ခြံစောင့်ပဲရှိတော့ လူထိတာခိုက်တာမရှိဘူး”လို့ အနီးဝန်းကျင်မှာနေထိုင်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီနေအိမ်ဟာ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်ကတည်းက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံအမည်နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ၁၅ နှစ်တာကာလအတွင်း လာရောက်လည်ပတ်နေထိုင်မှု မရှိသလောက်နည်းပါးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

လက်ရှိအချိန်မှာ အနီးအနားက ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေဟာ ဖြိုချရှင်းလင်းမှုတွေပြုလုပ်နေပေမဲ့ အဲဒီအိမ်အမှတ် ၃၅၉ ကတော့ စစ်ကောင်စီဝင်အရာရှိတချို့မကြာခဏလာရောက်စစ်ဆေးမှုတွေပြုလုပ်နေတာကလွဲပြီး ဖြိုချဖျက်စီးမယ့်အရိပ်အယောင်တွေတော့ မရှိသေးဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ငလျင်ဒဏ်သင့်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့နေအိမ်ဟာပြိုကျပျက်စီးခဲ့တဲ့ ဧရာဝတီမြစ်ကူး အင်းဝတံတားနဲ့ ပေပေါင်း ၁၀၀၀ ဝန်းကျင်ပဲကွာဝေးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။