ဓာတ်ပုံ – RFA

ရွှေဖီမြေ၊ မေလ ၉ ရက်

လွတ်လပ်တဲ့အာရှအသံ- RFA (Radio Free Asia) က မသေချာ မရေရာတော့တဲ့ ရန်ပုံငွေကြောင့် ဒီနေ့ မေလ ၉ ရက်မှစပြီး မြန်မာပိုင်းထုတ်လွှင့်မှုတွေကို လုံးဝရပ်နားတော့မယ်လို့ ဒီမနက်အစောပိုင်းမှာ RFA က ကြေညာလိုက်ပါတယ်။

RFA ဟာ ကမ္ဘာတစ်လွှား ရုပ်သံလွှင့်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ United States Agency for Global Media – USAGM ရဲ့ ကြီးကြပ်မှုအောက်က တင်ဆက်ပေးနေတဲ့ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရတက်လာပြီးနောက်ပိုင်း မတ်လ ၁၅ ရက်မှာ RFA အပါအဝင် VOA သတင်းဌာနတို့ရဲ့ မိခင်ဌာန ဖြစ်တဲ့ USAGM ရဲ့ လုပ်ငန်းနဲ့ ဝန်ထမ်းတွေကို အနည်းဆုံးထိလျှော့ဖို့ ဒေါ်နယ်ထရမ့်က မတ်လ ၁၇ ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်ကို အမေရိကန်အခြေစိုက် နိုင်ငံတကာသတင်းဌာနဖြစ်တဲ့ VOA က ပြန်ကိုးကားဖော်ပြခဲ့ပြီး VOA က မတ်လ ၁၇ မှစပြီး သတင်းထုတ်လွင့်တင်ဆက်တွေမှုကို လုံးဝရပ်နားခဲ့ရပေမဲ့ RFA က တစ်လအကျော် မနေ့အထိ မြန်မာပိုင်းထုတ်လွှင့်မှုတွေကို တင်ဆက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

RFA က မြန်မာနိုင်ငံပြည်သူလူထုများရဲ့အသံနဲ့ ဒေသတွင်းအချက်အလက်တွေကို မျှတမှန်ကန်စွာ တင်ဆက်ပေးနေတဲ့ သတင်းဌာနတစ်ခုဖြစ်သလို မြန်မာပြည်သူလူထုတွေ မှီခိုအားပြုနေရတဲ့ သတင်းဌာနတစ်ခုဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။