ဓာတ်ပုံ – Local (ပုံဟောင်း)

မိုင်းရူပ၊ ဒီဇင်ဘာ ၂၅ ရက်၊ မိုးကုတ်

တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ပြင်ရှိ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေဘက်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းမှာ မိုးကုတ်မြို့နယ် မစိုးရိမ်ကျောင်းနဲ့ သဖန်းပင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီက ဘုန်းကြီးကျောင်းတွေမှာ လိုက်နေနေတာ။ PDF တွေလည်း ဒရုန်းနဲ့ လိုက်ဗုံးကြဲ​နေတာ။ သဖန်းပင်ဘုန်ကြီးကျောင်းတော့ နည်းနည်းပျက်စီးသွားတယ်။ အထိအခိုက်တော့ မရှိဘူးကြားတယ်” လို့ ဆိုပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်မှာလည်း မိုးကုတ်မြို့နယ် ညောင်သုံးပင်ဘုန်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ မိုးကုတ်မြို့ထဲကို တရုတ်အကူအညီနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

“လောလောဆယ်တော့ စကစဘက်က ထိုးလာလို့ တိုက်ပွဲဖြစ်နေတာ။ မနေ့အထိတော့ စခန်းကြီး၊ ကျောက်ပြသာဒ်မှာ တိုက်ပွဲဖြစ်နေတယ်” လို့ မိုးကုတ်မြို့နယ်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး​က ပြောပါတယ်။

မိုးကုတ်မြို့မှာတော့ မြို့ခံတွေအနည်းစုလောက်သာ နေရပ်ပြန်လာကြပြီး မြို့အဝင်အထွက်ကိုတော့ စစ်ကောင်စီဘက်က ဖြတ်သန်းသွားလာခွင့် ပေးထားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်- PDF တပ်တွေအကြား ၂ ပတ်ကျော်အတွင်း တိုက်ပွဲ ၁၅ ကြိမ်​ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က မနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်​မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။