ဓာတ်ပုံ – Local

ခိုင်လေး၊ မတ်လ ၇ ရက်၊ ချောင်းဦး

စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ် မုံရွာ-မန္တလေး လမ်းတစ်နေရာမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်ကြီးတစ်ဦး အပါအဝင်စစ်သား ၁၇ ဦးသေဆုံး ခဲ့တယ်လို့ CHU PDFက သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိခံ ကိုသန့်က ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက် ညနေ ၃ နာရီကျော်ကမုံရွာမြို့တွင်းကနေ ထွက်လာတဲ့ သံပြားကာကား ၂ စီးက ချောင်းဦးမြို့ကို ဖြတ်ပြီး မြင်းမူဘက် ဦးတည်ထွက်ခွာစဉ် မုံရွာ-မန္တလေး လမ်းတနေရာမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုမိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သတင်းရလို စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ ကားနှစ်စီးထဲမှာ စစ်တပ်က ခန့်မှန်းအင်းအား ၃၀ ကျော် ၄၀ လောက်ရှိမယ်။ စစ်တပ်ဘက်က ဒုဗိုလ်အပါအဝင် ၁၇ ဦးသေဆုံးတယ်။ ကျနော်တို့ဘက် ရဲဘော် ၁ ဦး ဒဏ်ရာရခဲ့တယ်။ အခုတော့အဆင်ပြေ ပြီ။ မြေပြင်အခြေအနေက အခုလောလောဆယ်တော့ငြိမ်နေတယ်။ ဘာမှတော့ မဖြစ်‌သေးဘူး”

အဆိုပါ တိုက်ခိုက်မှုအတွင်း ချောင်းဦး မြို့ပေါ်ရှိ စစ်ကောင်စီ အထိုင်စခန်းဖြစ်တဲ့ စိုက်ကွင်းရုံးနဲ့ မြပုလဲ အထိုင်စခန်း ကနေ ၁၂၀ မမ လက်နက်ကြီး ၁၀၆ ကြိမ် ပစ်ကူပေးခဲ့သလို (နမခ) ကလည်း အင်ဂျင်တပ် လေထီးနဲ့ ၂ ကြိမ် လေကြောင်းပစ်ကူ ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်ထံမှ သံပြားကာ ကား ၂ စီး၊ MA 1 ၄ လက်၊ MA 3 ၁ လက်၊ MA 11 ၃ လက်၊ G 3 တလက်၊ G 1 တလက်၊ 60 mm စိန်ပြောင်း တလက်၊ Lala တလက်၊ ကျည်ဘောက် မျိုးစုံ ၂၂ ဘောက်ကို သိမ်းဆည်းရရှိခဲ့ပြီး ကား ၂ စီးမှာ မောင်းမရတော့တာကြောင့် မီးရှို့ဖျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF ၊ ယင်းမာပင်မြို့နယ် ပ.က.ဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ B21 တပ်ရင်း ၊ ရတနာပုံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်) ၊ Three Brothers Force (ကနီ) ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မုံရွာခရိုင် ချောင်းဦးမြို့မှာရှိတဲ့ ကျေးရွာအချို့တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၅ ၊၁၆၊ ၁၇) သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၃ ဦး သေဆုံးခဲ့ပြီး ‌တော်လှန်ရေးရဲဘော်ဘက်မှ ၄ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။