ဓာတ်ပုံ – Mawlaik Revolution

ရဲမာန်၊ ဒီဇင်ဘာ ၁၅ ရက်၊ မော်လိုက်

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ဆွတ်နန်းရွာအနီးက စစ်ကောင်စီလက်ထဲ ယာယီဆုတ်ခွာပေးလိုက်ရတဲ့ ရန်ကင်းတောင်စခန်းကို Mawlaik Revolution တပ်ဖွဲ့က မနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်မှာ မော်လိုက်တော်လှန်‌ ရေးအင်အားစု တည်ရှိရာစခန်းကို စစ်ကောင်စီတပ်ဖွဲ့က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာကြောင့် ယာယီဆုတ်ခွာပေးလိုက်ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရုပ်အလောင်း ၆ လောင်းရပါတယ်။ ဒဏ်ရာရတာလဲ ရှိနိုင်တယ်။ တိုက်ပွဲဖြစ်ပွားပြီး‌နောက် မော်လိုက်မြို့ပေါ်ကနေ ဟောင်ဝှစ်ဇာနဲ့ ၁၂၀ မမတွေ ပစ်တယ်”လို့ Mawlaik Revolution ကတာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တပ်မ ၇၇ လက်အောက်ခံ၊ ခြေမြန်တပ်ရင်း (ခမရ) ၈၊ မော်လိုက်အခြေစိုက် ခမရ ၃၆၄/၃၆၅/၃၆၆၊ မော်လိုက်မြို့နယ် ပျူစောထီးတပ်နဲ့ Mawlaik Revolutionတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကလည်း ဆွတ်နန်းရွာသို့ ပြန်လည်ဆုတ်ခွာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ ၁၂၂မမ ရှော့တိုက်ဒုံး(၇)လုံး၊MA1 ၁လက်၊MA3၁လက်၊MA15 ၁လက်၊G3၁လက်၊ကျည်ဘောက်၁၃ ခု၊ကျည်မျိုးစုံ၁၂၀၀ တောင့်၊Jammer (၁)လုံးနဲ့ စကစအလောင်း ၆လောင်းတို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။