ဓာတ်ပုံ – Google

လွေးထွေး၊ မတ်လ ၁၉ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) သွားလုပ်တဲ့ ရှမ်းမြောက်က ဒေသခံတွေဟာ မှတ်ပုံတင်တစ်ခုရဖို့ တစ်ဦးကို ငွေကျပ် ၆ သိန်းအထိ ပေးနေရတယ်လို့ ကိုယ်တိုင်ပေးခဲ့ရသူ အမျိုးသားတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

ရှမ်းမြောက် လားရှိုး၊ နမ္မတူ၊ နမ့်ဆန်နဲ့ မန်တုံ စတဲ့မြို့နယ်က ဒေသခံတွေဟာ ဒီ ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းကနေ အခု မတ်လအထိ တောင်ကြီးမြို့ထိသွားပြီး ပွဲစားကနေတစ်ဆင့် မှတ်ပုံတင်တွေ သွားလုပ်‌ကြတာ ဖြစ်ပါတယ်။

နမ့်ဆန်မြို့နယ်မှ မှတ်ပုံတင်ကိုယ်တိုင်လုပ်ခဲ့သူ အမျိုးသားတစ်ဦးက “၆ သိန်းလောက်ပေးမှ လုပ်လို့ရတာဆိုတော့ ပေးရတာဘဲ။ ချက်ချင်းလည်း မရဘူး။ တစ်လနီးပါးလောက် စောင့်ရတယ်။ ပွဲစားကနေတစ်ဆင့်လုပ်တော့ ပွဲစားလည်းစား၊ လဝကလည်း စားတာပေါ့” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

တိုက်ပွဲနောက်ဆက်တွဲအနေနဲ့ ရှမ်းမြောက်မှာ အလုပ်အကိုင်ရှားပါးလာပြီး လူငယ်အများစုက နိုင်ငံခြားသို့ ထွက်ခွာလိုကြတာကြောင့် မှတ်ပုံတင်မရှိသေးတဲ့ လူငယ်တွေက အခုလို ဈေးအဆမတန်ပေးပြီး မှတ်ပုံတွေ လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။

နောက်ထပ် နမ္မတူမြို့နေ အမျိုးသမီးတစ်ဦးကလည်း “ကျွန်မတို့က ခရီးထွက်ဖို့ မှတ်ပုံတင်ကို အသိတွေကတစ်ဆင့် လုပ်တာ။ သူတို့က အသွားအလာခ၊ စာရွက်စာတမ်းခရော ဟိုဘက်ကို ပေးရမှာတွေပြောလို့ ၅ သိန်းကျော် ပေးခဲ့ရတာ။ ပြီးခဲ့တဲ့ ၁ လ ပိုင်းက လုပ်တာပါ” လို့ ပြောပါတယ်။

လတ်တလောမှာ‌ ခရီးသွားလူထုတွေကို စစ်ကောင်စီတပ်က စစ်ဆေးတင်းကြပ်ပြီး မှတ်ပုံတင်မပါဘဲ ခရီးသွားပါက ဖမ်းဆီးစစ်ဆေး ရိုက်နှက်တာတွေရှိသလို ငွေတောင်းခံတွေလည်း ရှိနေကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း တောင်ကြီးမှာ မှတ်ပုံတင်သွားလုပ်တဲ့ ရှမ်းမြောက်က တရုတ်၊ တအာင်း၊ ရှမ်း စတဲ့ လူမျိုးစုတွေထံ တောင်ကြီး (လဝက) က ငွေကျပ် ၂ သိန်းအထိ တောင်းခဲ့တာတွေရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။