ဓာတ်ပုံ- Facebook

အိုက်ပွီး၊ သြဂုတ် ၁၆ ရက်၊ ပုဏ္ဏားကျွန်း

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန် အန္တရာယ်ကြောင့် ကျေးရွာ ၃၀ ခန့်က ဒေသခံတွေဟာ တိမ်းရှောင်နေရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေဘက် စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းတပ်စခန်းကနေ လက်နက်ကြီး မကြာခဏ ပစ်ခတ်သလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် သြဂုတ်လ ဒုတိယအပတ်ကစပြီး အရပ်သားတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

“လေကြောင်း တိုက်ခိုက်မှုက အမြဲလိုလို ရှိသေးတယ်။ စစ်တွေမြို့ထဲကနေလည်း အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို ပစ်ခတ်မှုတွေ ရှိနေသေးတယ်။ အဲဒီလိုအခြေအနေမျိုးမှာ လုံခြုံရေး အရမ်းစိုးရိမ်နေရတဲ့ ကျေးရွာတွေကပြည်သူတွေ တိမ်းရှောင်နေကြတာပါ” လို့ အသက် ၃၅ နှစ်အရွယ် ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တိမ်းရှောင်နေရတဲ့ ကျေးရွာတွေဟာ ဒီပါရုံ၊ အလယ်ကျွန်း၊ ပဒေသာ၊ တန်ပတ်လှန်း၊ ကွမ်းတောင်၊ ငှက်ကြီးကျွန်း၊ ဆင်အင်းကြီး၊ ဒီပါရုံ စတဲ့ကျေးရွာအပါအဝင် ကျေးရွာ ၃၀ ခန့်ဖြစ်ပြီး အဲဒီထဲမှာ ကလေးနဲ့သက်ကြီးပိုင်းအပါအဝင် အရပ်သား ၁၀,၀၀၀ ခန့် ရှိပါတယ်။

“လက်နက်ကြီးကျည်တွေ ကျရောက်နိုင်တဲ့ ကျေးရွာတွေဆို AA ကနေ တိမ်းရှောင်ခိုင်းတာတွေ ရှိတယ်။ အဲရွာတွေဟာ စစ်တွေမြို့က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ အမြဲ ကျရောက်နေတဲ့ ရွာတွေပါ။ တချို့ရွာတွေက မိမိဘာသာ ကြိုတင်တိမ်းရှောင်နေကြတာပါ” လို့ အသက် ၃၅ နှစ်အရွယ် ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ပေါ်ကနေ လူထုတွေ ခိုလှုံနေကြတဲ့ တချို့ကျေးရွာကလည်း ထပ်မံ တိမ်းရှောင်နေကြတဲ့အတွက် ဒေသခံတွေဟာ အခက်တွေ့နေရပါတယ်။

“မြို့သိမ်းတိုက်ပွဲကတည်းက ပုဏ္ဏားကျွန်းမြို့ခံတွေက မြို့ထဲ မပြန်ရဲကြသေးဘူး။ သူတို့ စစ်ဘေးရှောင်တဲ့ နေရာတွေမှာ ရှိနေသေးပါတယ်။ အခု အဲစစ်ဘေးရှောင်တွေ ခိုလှုံတဲ့ နေရာတွေကလည်း စစ်ရေးလုံခြုံရေးအရ AA က ထပ်မံ တိမ်းရှောင်ခိုင်းတဲ့အတွက် ထပ်ပြီး စစ်ဘေးရှောင်နေရတယ်။ တခါစစ်ဘေးရှောင်ဖို့ဆိုတာ မလွယ်ဘူး။ နေစရာ၊ စားနပ်ရိက္ခာတွေ အတော်လေး အခက်ကြုံတွေ့ရတယ်” လို့ အသက် ၄၀ နှစ်အရွယ် ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ဟာ စစ်တပ် ထိန်းချုပ်ထားတဲ့ စစ်တွေမြို့နဲ့နီးပီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် မကြာခဏ အပစ်ခံရဆုံးမြို့ ဖြစ်တာကြောင့် လက်နက်ကြီးကျည် ထိမှန်ပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။