ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဧပြီ ၂ ရက်၊ စစ်ကိုင်း

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှု များပြီး ၆ ရက် ကြာတဲ့အထိ ကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ မင်းကွန်းတောင်ရိုးရှိ ဘုန်းကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။

ငလျင် လှုပ်ခတ်မှုကြောင့် မင်းကွန်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများစု ပျက်စီးခဲ့ပြီး ၆ ရက် ကြာတဲ့အထိ အဆောက်အဦးကြား ပိတ်မိနေသူတွေကို ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေး လုပ်နေရတယ်လို့ ဆိုပါတယ်။

“ဂူထဲမှာ ပိတ်မိနေတဲ့ အလောင်း ၃ လောင်းကို ကိုယ်ထူကိုယ်ထ ထုတ်နေတာ။ ၂ လောင်းတော့ ရပြီ။ ကယ်ဆယ်ရေးလည်း မလာတော့ အပျက်အစီးတွေ အများကြီးပဲ။ မင်းကွန်းမှာ ကျောင်းတိုင်းလိုလို ပျက်တယ်။ သေတဲ့အလောင်းတွေလည်း မကယ်ထုတ်နိုင်သေးဘူး” လို့ မင်းကွန်းတောင်ရိုးရှိ ဘုန်းကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့ဝင် ၁,၅၀၀ ကျော်အပါအဝင် ပြည်တွင်းက ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ငလျင်သင့်တဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေး ပြုလုပ်နေတယ်လို့ ပြောကြားထားပါတယ်။

ငလျင် လှုပ်ခတ်မှု ဖြစ်ပြီးနောက် ၆ ရက် ကြာလာတဲ့ ဒီနေ့ ဧပြီ ၂ ရက်အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆက်လုပ်နေပြီး တချို့ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ ထိခိုက်သေဆုံးသူ ၂,၈၈၆ ဦးနဲ့ ဒဏ်ရာရသူ ၄,၆၃၉ ဦးနဲ့ ပျောက်ဆုံးနေသူ ၃၇၃ ဦး ရှိပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငလျင်ကြောင့် ပျက်စီးသွားတဲ့ နေရာတွေအတွက် ပြန်လည်ထူထောင်ရေး ပြုလုပ်ဖို့ ကျပ် ၅၀၀ ဘီလီယံ သုံးစွဲမယ်လို့ မနေ့ ဧပြီ ၁ ရက်မှာ ပြောကြားထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။