လွေးထွေး၊ နိုဝင်ဘာ ၁၀ ရက်
ဝါရင့် တအာင်းတေးရေးဆရာ သိန်းတန်ဟာ ဒီနေ့ နိုဝင်ဘာ ၁ဝ ရက် မနက်အစောပိုင်းက နေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့မနက် ၂ နာရီခွဲမှာ အသက် ၇၃ နှစ်အရွယ် ဆရာသိန်းတန်ဟာ သူ့ရဲ့နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ တောင်ဒဂုံမှာ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။
နီးစပ်သူ အမျိုးသားတစ်ဦးက “သူက ရောဂါနဲ့ ဆုံးတာပါ။ တအာင်းလူမျိုးအတွက် ဆုံးရှုံးမှုကြီးတစ်ခုပါ” လို့ ပြောပါတယ်။
ဆရာသိန်းတန်ဟာ တအာင်းလူမျိုးကြား ရေပန်းစား နာမည်ကြီးခဲ့တဲ့ တအာင်းသီချင်းဖြစ်တဲ့ “တအာင်း ဟပ်ဘံင်ဘြာင်း”၊ “အိုမ်တမာဝ်း လှည်လေ;” စတဲ့သီချင်းအပြင် တခြား သီချင်းတွေကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ပထမအပတ်ကလည်း ဝါရင့်တအာင်းတေးသံရှင် လွေးအိုလှအောင် ကွယ်လွန်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။