ဓာတ်ပုံ- CJ

မိုင်းအရှိုင်း၊ ဩဂုတ် ၇ ရက်၊ နမ့်ဆန်

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူ စတဲ့မြို့ ၃ မြို့မှာ တအာင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဒေသခံတွေအတွက် မှတ်ပုံတင် (ဒေသခံကတ်ပြား) ပြုလုပ်ပေးတာ ပြီးစီးသွားပြီလို့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာ အဲဒီမြို့နယ် ၃ မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပိုင်းတွေအထိ သွားရောက် ပြုလုပ်ပေးနေတယ်လို့ သူက ပြောပါတယ်။

“အခုက မြို့ပေါ်တွေမှာ ပြီးသွားပြီပေါ့နော်။ နမ္မတူဆို တစ်ရပ်ကွက်ပဲ ကျန်တော့တယ်။ နမ့်ဆန်နဲ့ မန်တုံဆိုရင် ရွာပိုင်းတွေအထိ လိုက်လုပ်ပေးနေတယ်”

မြို့နယ် ၃ မြို့နယ်စလုံး မှတ်ပုံတင် ပြုလုပ်ပြီးစီးရင် PSLF/TNLA ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်သွားမှာဖြစ်ပြီး အဝင်အထွက်တွေကို ကြီးကြပ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီမြို့နယ် ၃ မြို့နယ်စလုံး ပြီးသွားပြီဆိုရင် အဝင်အထွက်တွေ စစ်ဆေးဖို့ ရှိတယ်။ ပြည်နယ်သား မှတ်ပုံတင်ကတ်ပြား၊ ပြည်နယ်ဖြတ်သန်းခွင့် ကတ်ပြားတွေကို စစ်ဆေးသွားမယ်”

ထိန်းချုပ်နယ်မြေအားလုံးမှာ မှတ်ပုံတင် မထုတ်ပေးရသေးတာကြောင့် ကြီးကြပ်ရာမှာ PSLF/TNLA ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူ မဟုတ်ဘဲ အခြားဒေသကနေ ဝင်ထွက်နေသူတွေကို အဓိကထားပြီး ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။

တအာင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက)- IDTL ဟာ ပြီးခဲ့တဲ့ ဇွန်လပိုင်းကစပြီး နမ့်ဆန်၊ မန်တုံ၊ နမ္မတူ မြို့သုံးမြို့ပေါ်မှာ ဒေသခံတွေအတွက် မှတ်ပုံတင်(ဒေသခံကတ်ပြား) ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး အိမ်ထောင်စု ၇ ထောင်ခန့်၊ မှတ်ပုံတင် ၈ ထောင်ခန့် ပြုလုပ်ပြီးစီးသွားပြီလို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။