ပို့လဘား၊ ဩဂုတ် ၁၉ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့မှာ စစ်တပ်က ဦးဆောင်ပြီး ဒေသခံတွေကို တအာင်းတပ်မတော်- PSLF/ TNLA နဲ့ ကိုးကန့်တပ်မတော်- MNDAA ကို အလိုမရှိ‌ကြောင်း ဆန္ဒပြပွဲ ပြုလုပ်ခိုင်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီမှာ တောင်ကြီးမြို့ အေးသာယာရပ်ကွက်က စစ်တပ် ထောက်ခံသူနဲ့ တောင်ကြီးမြို့ပေါ်က ကျောင်းကြီးစု၊ ကံကြီးဘက်မှာ ဒေသခံတွေကို အတင်းအဓမ္မခေါ်ပြီး TNLA နဲ့ MNDAA ဟာ ရှမ်းမြောက် သီပေါ၊ ကျောက်မဲ၊ သိန္နီမြို့ကနေ အမြန်ဆုံး ထွက်ခွာပေးဖို့ ပါဝင်ဆန္ဒပြခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “တောင်ကြီးက ဘောလုံးကွင်းကနေ မိန်းလမ်းတိုင်း စူဠာမုဏိအထိ ဆန္ဒပြခိုင်းတယ်။ အကုန်လုံး ရှမ်းလူမျိုး မဟုတ်ဘူး။ အခုဆန္ဒပြတဲ့သူတွေက လူမျိုးဆိုတာထက် စစ်တပ်နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)တွေပေါ့။ ရှမ်းရိုးရာဝတ်စုံဝတ်ပြီး ပြခိုင်းတာ။ အများစုက အောင်သပြေရပ်ကွက်နဲ့ အေးသာယာကလူတွေ များတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မိုးနဲ၊ မိုင်းပန်၊ ကွန်ဟိန်း၊ လွိုင်လင်နဲ့ နမ့်စန်မြို့မှာလည်း TNLA နဲ့ MNDAA ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ လူထုတွေကို ပြုလုပ်ခိုင်းခဲ့တယ်လို့ ၎င်းအမျိုးသားက ဆက်ပြောပါတယ်။

TNLA နဲ့ MNDAA ဆန့်ကျင်ဆန္ဒပြပွဲဟာ ရှမ်းပြည်သူလူထုဆန္ဒ မဟုတ်ဘဲ စစ်တပ်ရဲ့ တိုင်းရင်းသားအချင်းချင်းကြား သွေးကွဲစေဖို့ လုပ်ဆောင်ချက်သာဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော်- RCSS/SSA က ထုတ်ပြန်ပါတယ်။

စစ်တပ် ကျင်းပတဲ့ ဆန္ဒပြပွဲကို ပါဝင်တဲ့ လူထုတွေကိုလည်း နိုင်ငံရေး အသုံးချခံသူတွေသာဖြစ်ပြီး ဒီဆန္ဒပြပွဲဟာ ရှမ်းပြည်သူလူထုသဘောဆန္ဒ မပါဝင်ကြောင်း၊ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်‌ကြောင်း သျှမ်းလူငယ်ကွန်ဂရက်- DYC ကလည်း မနေ့ သြဂုတ် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ အရင်က စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ သွေးခွဲဖိနှိပ် အုပ်ချုပ်ရေးစနစ်သာဖြစ်ပြီး ဒီဆန္ဒပြပွဲမှာလည်း ရှမ်းပြည်ဌာနေ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်ပွားအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာကို ထင်ရှား‌နေတယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။