ရွှေဖီမြေ၊ ဇန်နဝါရီ ၄ ရက်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ တအာင်း‌ဒေသ တစ်နေရာမှာ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေး သင်တန်း‌ကျောင်း (Administrative School) အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါတယ်။

သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့တာလို့ PSLF/TNLA က ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

အုပ်ချုပ်ရေး သင်တန်းကျောင်းဟာ ၂ နှစ်ကျော် ကြာမြင့်ပြီး ဘာသာရပ်တွေကိုတော့ Personal Capacity Building၊ Basic Politic၊ အုပ်ချုပ်ရေးလုပ်ငန်းနဲ့ဆိုင်တဲ့ဘာသာရပ်၊ ရဲလုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဘာသာရပ်တွေကို အဓိက သင်ကြား‌ပေးခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းသား ၅၅ ဦး တက်ရောက်ခဲ့တာဖြစ်ပြီး သင်တန်းကျောင်း ပြီးတဲ့သူတွေဟာ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး နေရာတွေမှာ တာဝန်ထမ်းဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

သင်တန်းဆင်းပွဲသို့ PSLF/TNLA ရဲ့ ဒုဥက္ကဌ(၁) ဒုဗိုလ်ချူပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဌ(၂) ဗိုလ်ချုပ် တားခူလန်း၊ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးချုပ် တားနော်ရူိန်း၊ ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ အရာရှိ အရာခံ၊ ရဲဘော်အပြင် ကျောင်းသားမိဘနဲ့ ဒေသခံလူထုအပါအဝင် လူဦးရေ ၂၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

အုပ်ချုပ်ရေး သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အပတ်စဉ်(၁)အဖြစ် စတင်ဖွင့်လှစ်ပေးခဲ့တာြဖစ်ပြီး အဲဒီတုန်းက သင်တန်းသား ၅၄ ဦး တက်ရောက်သင်ကြားခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ အဲဒီသင်တန်းသားတွေဟာ ရုံးချုပ် ရုံးအုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရုံးအုပ်၊ မြို့နယ် တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့မှူးနေရာတွေမှာ တာဝန်ထမ်းဆောင်နေကြပြီလို့ ​ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။