ရွှေဖီမြေ၊ ဇန်နဝါရီ ၄ ရက်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ တအာင်း‌ဒေသ တစ်နေရာမှာ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေး သင်တန်း‌ကျောင်း (Administrative School) အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါတယ်။

သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့တာလို့ PSLF/TNLA က ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

အုပ်ချုပ်ရေး သင်တန်းကျောင်းဟာ ၂ နှစ်ကျော် ကြာမြင့်ပြီး ဘာသာရပ်တွေကိုတော့ Personal Capacity Building၊ Basic Politic၊ အုပ်ချုပ်ရေးလုပ်ငန်းနဲ့ဆိုင်တဲ့ဘာသာရပ်၊ ရဲလုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဘာသာရပ်တွေကို အဓိက သင်ကြား‌ပေးခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းသား ၅၅ ဦး တက်ရောက်ခဲ့တာဖြစ်ပြီး သင်တန်းကျောင်း ပြီးတဲ့သူတွေဟာ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး နေရာတွေမှာ တာဝန်ထမ်းဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

သင်တန်းဆင်းပွဲသို့ PSLF/TNLA ရဲ့ ဒုဥက္ကဌ(၁) ဒုဗိုလ်ချူပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဌ(၂) ဗိုလ်ချုပ် တားခူလန်း၊ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးချုပ် တားနော်ရူိန်း၊ ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ အရာရှိ အရာခံ၊ ရဲဘော်အပြင် ကျောင်းသားမိဘနဲ့ ဒေသခံလူထုအပါအဝင် လူဦးရေ ၂၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

အုပ်ချုပ်ရေး သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အပတ်စဉ်(၁)အဖြစ် စတင်ဖွင့်လှစ်ပေးခဲ့တာြဖစ်ပြီး အဲဒီတုန်းက သင်တန်းသား ၅၄ ဦး တက်ရောက်သင်ကြားခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ အဲဒီသင်တန်းသားတွေဟာ ရုံးချုပ် ရုံးအုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရုံးအုပ်၊ မြို့နယ် တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့မှူးနေရာတွေမှာ တာဝန်ထမ်းဆောင်နေကြပြီလို့ ​ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။