default

မိုင်းရူပ၊ အောက်တိုဘာ ၃၁ ရက်၊ မိုးကုတ်

စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးရမယ့် မန္တလေးတိုင်း မိုးကုတ်မြို့မှာ တအာင်းတပ်မတော်–PSLF/TNLA ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဆက်ရှိနေပြီး ဒေသခံတချို့ တိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေက ရွှေဖီမြေ ကို ပြောပါတယ်။

“ကြောက်တဲ့သူတွေတော့ ရှောင်ကြတာရှိတယ်။ TNLA ဘက်ကတော့ မဆုတ်သေးဘူး။ ရဲလည်း သူအလုပ်သူလုပ်နေတုန်း။ အုပ်ချုပ်ရေးလုပ်ငန်းတွေက ပုံမှန်လည်ပတ်နေသေးတယ်” လို့ မိုးကုတ်ဒေသခံတစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီထံ TNLA က ပြန်ပေးခဲ့မယ့် မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်တွေက ခုခံကာကွယ်မယ်လို့ ပြောထားတာကြောင့် မိုးကုတ်မြို့ကို ကာကွယ်ဖို့ TNLA နဲ့ စစ်ကောင်စီအကြား သဘောတူညီချက်အပေါ် မူတည်နေတယ်လို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အဓိက TNLA အပေါ်မှာ မူတည်တယ်ပေါ့။ သူတို့ ဒီအတိုင်း ဆုတ်မှာလား။ အဲလိုမဟုတ်ဘဲနဲ့ စကစကို မြို့ထဲရောက်ဖို့ ကူညီပေးမှာလား။ အဲတာ TNLA ရွေးချယ်ရမယ့်အပိုင်းဘဲ။ တော်လှန်ရေးအင်အားစုတွေကတော့ ရနိုင်သလောက် ကာကွယ်မှာဘဲ”

မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ လာမယ့် နိုဝင်ဘာလကုန်မှာ တအာင်းတပ်ဘက်က ဆုတ်ပေးရမှာဖြစ်တယ်လို့ ရွှေဖီမြေ က စုံစမ်းသိရှိရပါတယ်။

မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်တွေဖြစ်တဲ့ မန္တလေး PDF၊ မိုးကုတ်ဗျူဟာအပါအဝင် မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်တွေက မိုးကုတ်မြို့ကို စစ်ကောင်စီလက်အောက်မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ လူထုတွေအတွက် အသက်သာဆုံးဖြစ်မယ့် အပစ်ရပ်ဖို့ကို ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီကို ပြန်ပေးဖို့ သဘောတူခဲ့ရတာလို့ ဒေသတွင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ PSLF/TNLA နဲ့ စစ်ကောင်စီတို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က စပြီး အပစ်ခတ်ရပ်စဲဖို့ သဘောတူပြီးနောက် တအာင်းတပ်ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းဖို့ သဘောတူခဲ့ရပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့ဟာ ပြီးခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” အတွင်း TNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။